ဧရာဝတီတ်ိုင်းမ်
ဇန်နဝါရီ ၁၁ ရက်
ဧရာဝတီတိုင်း၊ မော်လမြိုင်ကျွန်းမြို့တွင် စစ်ကောင်စီခန့် ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့် ပြည်သူ့စစ်အဖွဲ့ဝင်များက ဒေသခံများကို အကြောင်းအမျိုးမျိုးပြ၍ ငွေတောင်းနေကြောင်း သိရသည်။
အမှတ် ၁၂ ရပ်ကွက်အုပ်ချုပ်ရေးမှူး ဥဦးကျော်မောင်နှင့် ဌာနေပြည်သူ့စစ်ဆိုသည့်အဖွဲ့တို့ပူးပေါင်းကာ အုပ်ချုပ်ရေးမှူးရုံးသို့ ရပ်ကွက်ရှိ ဒေသခံအချို့က်ိုခေါ်ပြီး ငွေတောင်းယူခြင်းဖြစ်သည်ဟု ဒေသခံများကဆိုသည်။
“ဟိုအကြောင်းပြ ဒီအကြောင်းပြပီး ရပ်ကွက်ရုံးခေါ်ပီး ငွေညှစ်တာ၊ စစ်တပ်ကိုလည်း သတင်းပေးတယ်။ သူတို့အုပ်စုတွေ သတင်းပေးလို့ လူငယ်အချို့လည်း အဖမ်းခံရတာရှိတယ်။ တစ်ခါတစ်ရံ သူတို့သိပ်သဘောမတွေ့ရင် ရုံးခေါ်ပီး ရိုက်တာမျိုးတွေလည်းလုပ်တယ်” ဟု မော်လမြိုင်ကျွန်းမြို့ခံတစ်ဥဦးကဧရာဝတီတိုင်းမ်ကို ပြောသည်။
အမှတ် ၁၂ ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးကျော်မောင်နှင့် ဌာနေပြည်သူ့စစ်ဆိုသည့်အဖွဲ့တို့ ပူးပေါင်းသတင်းပေးမှုကြောင့် တော်လှန်ရေးအင်အားစုအချို့ မကြာခဏဆိုသလို ဖမ်းဆီးခံနေရကြောင်း ဒေသခံများကပြောဆိုသည်။
ထို့ပြင် မော်လမြိုင်ကျွန်းမြို့ရှိ ရပ်ကွက်အချို့တွင်လည်း အုပ်ချုပ်ရေးမှူး ဦးကျော်မောင်နှင့် ဌာနေပြည်သူ့စစ်ဆိုသည့်အဖွဲ့များက ညဦးပိုင်းတွင်လည်း ပြည်သူ့စစ်မှုထမ်းဥပဒေကို အကြောင်းပြကာ နေအိမ်များအထိဝင်ရောက်၍ လူငယ်အချို့ကိုဖမ်းဆီးမှုမျိုးလည်း ပြုလုပ်လေ့ရှိကြောင်း မြို့ခံများကပြောသည်။
ဧရာဝတီတိုင်းတွင် မြို့နယ်စုစုပေါင်း ၂၆ မြို့နယ်ရှိပြီး စစ်ကောင်စီခန့် ရပ်ကျေးအုပ်ချုပ်ရေးမှူးအများစုမှာ အောက်တိုဘာလက စတင်ပြီး ပြည်သူ့စစ်မှုထမ်းအကြောင်းပြ ခြိမ်းခြောက်၍ ငွေကြေးတောင်းယူမှုများကို ပိုမိုလုပ်ဆောင်လာကြကြောင်း ဒေသခံများကပြောဆိုကြသည်။
နည်းအမျိုးမျိုးဖြင့် ပြည်သူ့စစ်မှုထမ်းများကို စုဆောင်းလျှက်ရှိရာ သက်ဆိုင်ရာ တပ်မတော်တန်းမြင့်လေ့ကျင့်ရေးကျောင်းသို့ ပို့ဆောင်ကာ သင်တန်းပြီးဆုံးပါက ရှေ့တန်းသို့ပိုဆောင်လျှက်ရှိကြောင်း တပ်တွင်းသတင်းရင်းမြစ်ထံကသိရသည်။
#မော်ကျွန်း #ရပ်ကွက်အုပ်ချုပ်ရေးမှူး #ပြည်သူ့စစ်အဖွဲ့ဝင် #ဒေသခံများကို #အကြောင်းအမျိုးမျိုးပြ #ငွေတောင်း
#Ayeyarwaddy_Times