ဧရာဝတီတိုင်းမ်
ဇန်နဝါရီ ၁၁ ရက်
ရန်ကုန်မြို့၊ အထက်ပုစွန်တောင်လမ်းမပေါ်ရှိ Studio Canvas တွင် အနုပညာထူးချွန်သော မသန်စွမ်းလူငယ်များ၏ အနုပညာပြပွဲ (Differently Abled Art Exhibition) ကို ဇန်နဝါရီ ၉ ရက်မှ ၁၁ ရက်နေ့အထိ ဒုတိယပတ်အဖြစ် သုံးရက်ကြာကျင်းပလျက်ရှိကြောင်းသိရသည်။
အဆိုပါပြပွဲတွင် မသန်စွမ်းအနုပညာရှင် ၁၄ ဦး၏ လက်မှုအနုပညာများကိုပြသထားပြီး ၎င်းတို့၏ အနုပညာပါရမီနှင့် စွမ်းရည်ကို တွေ့ရသည်။
အဆိုပါ လက်မှုအနုပညာရှင်များ၏ မသန်စွမ်းဖြစ်မှုတွင် Autism(အော်တစ်ဇင်) ဖြစ်သူ၊ child with additional needs ကလေးငယ်၊ အကြားအာရုံချို့ယွင်းသူ၊ အမြင်အာရုံအားနည်းသူနှင့် color blind ဖြစ်သူ၊ ကိုယ်အင်္ဂါမသန်စွမ်းသူနှင့် မွေးရာပါဉာဏ်မသန်စွမ်းသူတို့ရေးဆွဲထားသော ပန်းချီကားနှင့် လက်မှုပစ္စည်းများပြသထားခြင်းဖြစ်သည်။
ပထမနှင့် ဒုတိယပတ်ပေါင်းပြီး မသန်စွမ်းလက်မှုပညာရှင်နှစ်ဆယ်ကျော် ဖန်တီးပြုလုပ်ထားသော အနုပညာလက်ရာများကို ဇန်နဝါရီ ၁၂ ရက်နေ့တွင် Turquoise Mountain တွင်ဝယ်ယူနိုင်မည် ဖြစ်ကြောင်းသိရသည်။
ပြီးခဲ့သည့် ဇန်နဝါရီလ ၃ ရက်မှ ၅ ရက်နေ့က မသန်စွမ်းအနုပညာရှင် ၁၀ ဦးကျော်၏ လက်မှုအနုပညာ များကို ပြပွဲပထမပတ်အဖြစ် ပြသထားသည်။
ဓာတ်ပုံ – ဧရာဝတီတိုင်းမ်
#လက်မှုအနုပညာ #မသန်စွမ်းအနုပညာပြပွဲ #Ayeyarwaddy_Times