ဧရာဝတီတိုင်းမ်
ဇန်နဝါရီ ၁၁ ရက်

၂၀၂၄ ခုနှစ်၊ ပထမကိုးလအတွင်း ထိုင်းကွန်ဒိုဝယ်ယူမှုမှာမြန်မာနိုင်ငံသားတွေက ရုရှားဝယ် လက်တွေကို ကျော်ဖြတ်ပြီး တရုတ်ဝယ်လက်တွေရဲ့နောက် ဒုတိယနေရာမှာ ရှိနေတယ်လို့ သိရပါတယ်။

မြန်မာစစ်ကောင်စီက ပြီးခဲ့တဲ့နှစ် ဧပြီလမှာ မြန်မာနိုင်ငံသားတွေရဲ့ ထိုင်းနိုင်ငံမှာ ကွန်ဒိုဝယ်ယူ မှုကို နှိမ်နင်းမှုကြောင့် မြန်မာဝယ်လက်တွေ ခဏတာ အဝယ်ရပ်ဆိုင်းပြီးနောက် မြန်မာဝယ်လက်တွေရဲ့ ထိုင်း ကွန်ဒိုဝယ်ယူမှု ပြန်မြင့်တက်လာခဲ့တယ်လို့ အိမ်ခြံမြေလုပ်ငန်း Cushman & Wakefield Thailand မှ သုတေသနနဲ့ အတိုင်ပင်ခံဌာန အကြီးအကဲ ဆူရာချက်ကောင်ချက်ပ်က ပြောပါတယ်။

မြန်မာနိုင်ငံသားတွေရဲ့ ထိုင်းကွန်ဒိုဝယ်ယူမှုဟာ ၂၀၂၄ ခုနှစ်မှာ စံချိန်သစ်တင်နိုင်မှာဖြစ်ပြီး ပထ မကိုးလအတွင်း စုစုပေါင်း ဝယ်ယူမှုဟာ ၂၀၂၃ ခုနှစ် စံချိန်ကို ကျော်လွန်သွားခဲ့ပြီဖြစ်ပါတယ်။

၂၀၂၄ ခုနှစ် ပထမကိုးလမှာ မြန်မာနိုင်ငံသားတွေက ထိုင်းဘတ် ၅ ဒသမ ၄၆ ဘီလီယံ တန်ကြေး ရှိ ကွန်ဒို ၁၀၅၀ လုံး ဝယ်ယူခဲ့ပြီး ၂၀၂၃ ခုနှစ် ပထမကိုးလမှာ ထိုင်းဘတ် ၂ ဒသမ ၂၅ ဘီလီယံတန်ကြေး ရှိတဲ့ ကွန်ဒို ၃၄၇ လုံး ဝယ်ယူမှုရှိခဲ့ပါတယ်။

၂၀၂၃ ခုနှစ်မှာတော့ မြန်မာဝယ်လက်တွေက ထိုင်းဘတ် ၃ ဒသမ ၇ ဘီလီယံ တန်ကြေးရှိ ကွန်ဒို ၅၆၄ လုံး ဝယ်ယူခဲ့ပြီး ၂၀၂၂ ခုနှစ်မှာ ထိုင်းဘတ် ၂ ဒသမ ၅၅ ဘီလီယံတန်ကြေးရှိ ကွန်ဒို ၃၄၉ လုံး ဝယ်ယူ ခဲ့တယ်လို့ ဆိုပါတယ်။

၂၀၂၄ ခုနှစ် ပထမကိုးလအတွင်း ထိုင်းကွန်ဒိုတွေကို တရုတ်နိုင်ငံသားတွေက အများဆုံး ဝယ်ယူ ခဲ့ပြီး ထိုင်းဘတ် ၂၀ ဒသမ ၂ ဘီလီယံ တန်ကြေးရှိ ကွန်ဒို ၄,၃၈၆ လုံး ရောင်းချခဲ့ရပါတယ်။

နိုင်ငံခြားသားတွေ ကွန်ဒိုတိုက်ခန်းဝယ်ယူမှု အများဆုံးနေရာမှာ ဗန်ကောက်မြို့ဖြစ်ပြီး ဒုတိယအ များဆုံးမှာ ချွန်ဘူရီဖြစ်တယ်လို့ သိရပါတယ်။

ကိုးကား – Bangkok Post
Ref; Myanmar No.2 for Thai condo sales

#Ayeyarwaddy_Times