ဧရာဝတီတိုင်းမ်
ဇန်နဝါရီ ၁၁ ရက်

အမေရိကန်နဲ့ ဉရောပတိုင်းပြည်တွေ အပါအဝင် နိုင်ငံတကာမဟာမိတ်တွေက ယူကရိန်းကို ပံ့ပိုး ကူညီမယ့် ဒေါ်လာ (၂) ဘီလီယံတန်ကြေးရှိ ထပ်တိုး စစ်ရေးအကူအညီကို အတည်ပြုခဲ့ပြီလို့ ယူကရိန်း သမ္မတ ဇီလန်စကီးက ပြောပါတယ်။

ယူကရိန်းသို့ စစ်ရေးအကူအညီပေးရေး ဆွေးနွေးဖို့ ကြာသပတေးနေ့က ဂျာမနီနိုင်ငံမှာကျင်းပ တဲ့ ယူကရိန်းကာကွယ်ရေးဆိုင်ရာ အစည်းအဝေးကို တက်ရောက်ပြီးနောက် ဇီလန်စကီးက အခုလို မှတ် ချက်ပြုခဲ့တာလို့ ယူကရိန်းမီဒီယာတွေက ဖော်ပြပါတယ်။

အစည်းအဝေးသို့ တက်ရောက်သူတွေဟာ ၂၀၂၇ ခုနှစ်အထိ ယူကရိန်းစစ်တပ်အတွက် အရေးပါ တဲ့ ရည်မှန်းချက်တွေ ဖော်ပြထားတဲ့ လမ်းညွှန်မြေပုံကို အတည်ပြုခဲ့တယ်လို့ ယူကရိန်း ကာကွယ်ရေး ဝန်ကြီး ရုစတမ်အူမာရော့ဗ်က လူမှုကွန်ရက်မှာ ပြောပါတယ်။

ယူကရိန်းနိုင်ငံအတွက် ပံ့ပိုးကူညီမှုဟာ ရေရှည်ဖြစ်မယ်လို့ သူက ဆိုပါတယ်။ အမေရိကန်ဉီး ဆောင်တဲ့ ယခုအစည်းအဝေးဟာ သမ္မတ ဂျိုးဘိုင်ဒင်အစိုးရလက်ထက် နောက်ဆုံးအကြိမ် ဖြစ်ပါတယ်။

အမေရိကန် ရွေးကောက်ခံသမ္မတ ဒေါ်နယ်ထရမ့်က ယူကရိန်းသို့ အကူအညီပေးဖို့ မလိုလားမှုကို အရိပ်အမြွက်ထုတ်ဖော်ပြောခဲ့ပြီး စစ်ပွဲအဆုံးသတ်ဖို့ ရည်ရွယ်တယ်လို့ ပြောဆိုထားပါတယ်။

ရုရှားသမ္မတ ဗလာဒီမာပူတင်က သူ့ကို တွေ့ဆုံလိုပြီး ၎င်းတို့နှစ်ဉီးကြား အစည်းအဝေးလုပ်ဖို့ စီစဉ်နေတယ်လို့ ဒေါ်နယ်ထရမ့်က ကြာသပတေးနေ့မှာ သတင်းထောက်တွေကို ပြောကြားခဲ့ပါတယ်။

ကိုးကား – NHK
Ref; Zelenskyy: Intl. group supporting Ukraine OKs $2 bil. in additional military aid

#Ayeyarwaddy_Times