ဧရာဝတီတိုင်းမ်
ဇန်နဝါရီ ၁၀ ရက်
ထိုင်ဝမ်ကျွန်းအနီး တရုတ်စစ်တပ်ရဲ့ စစ်ရေးလှုပ်ရှားမှုတွေ တိုးမြှင့်လာတဲ့အပေါ် တုံ့ပြန်မှုအဖြစ် ထိုင်ဝမ်စစ်တပ်ဟာ အနောက်မြောက်ပိုင်းရှိ ဟူကော်စီရင်စုမှာ ကျည်အစစ်နဲ့ စစ်ရေးလေ့ကျင့်မှုတစ်ခု ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။
စစ်ရေးလေ့ကျင့်မှုဟာ ထိုင်ဝမ်စစ်တပ်ရဲ့ ဘယ်လိုခြိမ်းခြောက်မှုကိုမဆို ရင်ဆိုင်ဖို့ အသင့်ဖြစ်နေ မှုကို ထုတ်ဖော်ပြသတဲ့ တစ်စိတ်တစ်ပိုင်းဖြစ်တယ်လို့ ထိုင်ဝမ် ကာကွယ်ရေးဝန်ကြီးဌာနက ပြောပါ တယ်။
“စစ်ရေးလေ့ကျင့်မှုမှာ F-CK-1 ဂျက်တိုက်လေယာဉ်တွေဟာ အရေးပေါ်ပျံသန်းရေး လေ့ကျင့်မှု ကို ပြသခဲ့ပြီး လေကြောင်းပိုင်နက်ကို ကာကွယ်စောင့်ရှောက်ဖို့ ကတိကဝတ်ကို မီးမောင်းထိုးပြခဲ့တယ်” လို့ ထိုင်ဝမ် ကာကွယ်ရေးဝန်ကြီးဌာနက လူမှုကွန်ရက် X မှာ ပြောပါတယ်။
ထိုင်ဝမ်စစ်တပ်ဟာ သံချပ်ကာယာဉ်တွေ၊ အထူးတပ်ဖွဲ့တွေနဲ့အတူ တိုက်ခိုက်ရေးစွမ်းရည်ကို ထုတ်ဖော်ပြသခဲ့ပြီး ဘယ်လိုခြိမ်းခြောက်မှုမျိုးကိုမဆို တန်ပြန်နိုင်တဲ့စွမ်းရည်ကို ပြသခဲ့တယ်လို့ ထိုင်ဝမ် ကာကွယ်ရေးဝန်ကြီးဌာနက ဆိုပါတယ်။
အင်္ဂါနေ့က တရုတ်စစ်လေယာဉ် ၁၅ စင်းထက်မနည်း ထိုင်ဝမ်ကျွန်းဝန်းကျင်မှာ ပျံသန်းခဲ့တယ် လို့ ထိုင်ဝမ် ကာကွယ်ရေးဝန်ကြီးဌာနက အစောပိုင်းမှာ ပြောကြားခဲ့ပါတယ်။
“တရုတ်စစ်လေယာဉ် ၁၅ စင်းနဲ့ စစ်သင်္ဘော ၈ စင်းဟာ ထိုင်ဝမ်ရေလက်ကြား ကြားခံမျဉ်းကို ဖြတ်ကျော်ကာ ထိုင်ဝမ်အနောက်တောင်ပိုင်းကို ဝင်ရောက်ခဲ့တယ်” လို့ ထိုင်ဝမ် ကာကွယ်ရေးဝန်ကြီးဌာ နက ပြောပါတယ်။
ထိုင်ဝမ်လက်နက်ကိုင်တပ်ဖွဲ့က အခြေအနေကို စောင့်ကြည့်ကာ တရုတ်စစ်တပ်ရဲ့ လှုပ်ရှားမှု တွေကို လက်တုံ့ပြန်ဖို့ တိုက်လေယာဉ်၊ စစ်သင်္ဘော၊ ဒုံးကျည်စနစ်တွေ ဖြန့်ကြက်ခဲ့တယ်လို့ ထိုင်ဝမ် ကာ ကွယ်ရေးဝန်ကြီးဌာနက ဆက်ပြောပါတယ်။
တရုတ်က ထိုင်ဝမ်ကို လက်အောက်ခံပြည်နယ်တစ်ခုအဖြစ် သတ်မှတ်ပြီး လိုအပ်ပါက အင်အား သုံးပြီး ပြည်မကြီးနဲ့ ပြန်လည်ပေါင်းစည်းမယ်လို့ ပြောဆိုထားပါတယ်။
ကိုးကား – Anadolu
Ref; Taiwan holds live military drills amid Chinese aircraft activity
#Ayeyarwaddy_Times