ဧရာဝတီတိုင်းမ်
ဇန်နဝါရီ ၁၀ ရက်

ဒေါ်နယ်ထရမ့်အစိုးရအဖွဲ့က ယူကရိန်းကို ဆက်လက်ပံ့ပိုးကူညီဖို့ ယူကရိန်းသမ္မတ ဇီလန်စကီး နဲ့ အမေရိကန် ကာကွယ်ရေးဝန်ကြီး လွိုက်အော်စတင်က ၎င်းတို့နှစ်ဉီးရဲ့ နောက်ဆုံးအကြိမ် တွေ့ဆုံမှု ကို အသုံးချခဲ့ပြီး စစ်ရေးအကူအညီပေးတာ ရပ်ဆိုင်းတာဟာ ကစဉ့်ကလျားနဲ့ စစ်ပွဲကို ဖိတ်ခေါ်သလိုပဲ လို့ သတိပေးလိုက်ပါတယ်။

“ဂျက်တိုက်လေယာဉ်တွေအတွက် ဒုံးကျည်တွေ၊ F-16 တိုက်လေယာဉ် အပိုပစ္စည်းတွေ၊ သံချပ် ကာယာဉ်စနစ်တွေ၊ လက်နက်ငယ်တွေနဲ့ ခဲယမ်းမီးကျောက်တွေ အပါအဝင် အမေရိကန်နိုင်ငံက ယူက ရိန်းသို့ ဒေါ်လာ သန်း ၅၀၀ တန်ကြေးရှိ လုံခြုံရေးအကူအညီ ထပ်မံပေးအပ်တယ်” လို့ အော်စတင်က ကြေညာခဲ့ပါတယ်။

စစ်လက်နက်တွေကို သမ္မတလုပ်ပိုင်ခွင့်အာဏာအရ ပံ့ပိုးပေးတာဖြစ်ပြီး ပင်တဂွန်က ဒီလမကုန် မီ ယူကရိန်းသို့ စစ်လက်နက်တွေ ပေးပို့ဖို့ တွန်းအားပေးနေပါတယ်။

အနောက်နိုင်ငံတွေက ၂၀၂၇ ခုနှစ်အထိ ယူကရိန်းနိုင်ငံရဲ့ ရေရှည်လုံခြုံရေးစွမ်းရည်တွေ တိုး တက်လာစေဖို့ အလေးထားပြီး လိုအပ်ချက်တွေဖြည့်ဆည်းပေးဖို့ ကတိပြုထားပါတယ်။

အမေရိကန်အပါအဝင် ကမ္ဘာ့နိုင်ငံအချို့က ယူကရိန်းသို့ ထောက်ပံ့ပေးဖို့ ပြည်တွင်း စစ်လက် နက်ထုတ်လုပ်မှုကို တိုးမြှင့်ခဲ့ကြပါတယ်။

အမေရိကန်နိုင်ငံဟာ ၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီလနောက်ပိုင်း ယူကရိန်းသို့ ဒေါ်လာ ၆၆ ဘီလီယံ တန်ကြေးရှိ စစ်လက်နက်တွေ ထောက်ပံ့ပေးခဲ့ပြီး အကူအညီအားလုံးရဲ့ ၉၀ ရာခိုင်နှုန်းခန့်ကို ပေးပို့ခဲ့ပြီး ဖြစ်ပါတယ်။

“ယူကရိန်းနိုင်ငံ ရှင်သန်ရေးဟာ ဉရောပတိုက်၊ အမေရိကန်နဲ့ ကမ္ဘာကြီးရဲ့ လုံခြုံရေးဖြစ်ပါတယ်” လို့ အော်စတင်က ဆိုပါတယ်။

ကိုးကား – Alarabiya
Ref; Zelenskyy, Austin say military aid to Ukraine must continue under Trump

#Ayeyarwaddy_Times