
ဧရာဝတီတိုင်းမ်
ဇန်နဝါရီ ၉ ရက်
ဇန်နဝါရီလ ၈ ရက် အစောပိုင်းက ထိုင်းနိုင်ငံ၊ ဆောင်ခလာဘူရီခရိုင်မှာ တရားမဝင် ရွှေ့ပြောင်း တွေကို သယ်ဆောင်လာတဲ့ ထရပ်ကားနှစ်စင်း တိုက်မိခဲ့ရာ မြန်မာနိုင်ငံမှ အမျိုးသမီးတစ်ဦးသေဆုံးကာ အမျိုးသားနှစ်ဦး ဒဏ်ရာရရှိခဲ့ပါတယ်။
သန်းခေါင်ယံချိန်ပြီးပြီးချင်း ယာဉ်မတော်တဆမှု ဖြစ်ပွားခဲ့တာလို့ ဆောင်ခလာဘူရီခရိုင် ရဲတပ် ဖွဲ့ အကြီးအကဲ ရဲမှူး ချန့်ဖေါင်သမ်မာဆွန်က ပြောပါတယ်။
ဗန်ကောက်ယာဉ်နံပါတ်ပါ ဒရိုင်ဘာမရှိတဲ့ ထရပ်ကားတစ်စင်းကို ရဲတပ်ဖွဲ့ဝင်တွေနဲ့ ကယ်ဆယ် ရေးသမားတွေက တွေ့ရှိခဲ့ပါတယ်။ နာခွန်ပသွန်နံပါတ်ပါ နောက်ထပ်ထရပ်ကားတစ်စင်းကို လမ်းဘေး မြောင်းထဲ စွန့်ပစ်ထားတာကို တွေ့ရှိခဲ့ပါတယ်။
မြန်မာနိုင်ငံမှ တရားမဝင် ရွှေ့ပြောင်းအမျိုးသမီးတစ်ဉီးကို သေဆုံးလျက် တွေ့ရှိခဲ့ပြီး အမျိုးသား နှစ်ဉီး ဒဏ်ရာရရှိကာ ဒဏ်ရာရရှိသူတွေကို ဆောင်ခလာဘူရီဆေးရုံသို့ ပို့ဆောင်ခဲ့ပါတယ်။
နောင်လူရှိ လုံခြုံရေးစစ်ဆေးရေးဂိတ်ကို ရှောင်ရှားဖို့ မြန်မာနိုင်ငံမှ လူ ၃၀ ပါအဖွဲ့ဟာ သဘာဝ ဖြတ်လမ်းတစ်ခုကို အသုံးပြုပြီး နယ်စပ်ကို တရားမဝင် ဖြတ်ကျော်ဝင်ရောက်ခဲ့တာလို့ ဒဏ်ရာရရှိသူနှစ် ဉီးက ရဲတပ်ဖွဲ့ကို ပြောပါတယ်။
ထိုင်းမြေကို ရောက်ရှိတဲ့အခါ ယာဉ်တိုက်မှုမှာပါဝင်တဲ့ ထရပ်ကားနှစ်စင်းက ၎င်းတို့ကို စောင့် ဆိုင်းနေတာလို့ ဒဏ်ရာရရှိသူနှစ်ဉီးက ဆိုပါတယ်။
ယာဉ်မောင်းနှစ်ဉီးစလုံးဟာ တရားမဝင် အခြားရွှေ့ပြောင်းတွေနဲ့အတူ ယာဉ်တိုက်မှုဖြစ်ပွားပြီး နောက် ထွက်ပြေးသွားခဲ့ပါတယ်။
ရဲတပ်ဖွဲ့ဟာ မော်တော်ကားတွေရဲ့ မှတ်ပုံတင်ထားတဲ့ ပိုင်ရှင်တွေကို စစ်ဆေးတာအပါအဝင် စုံ စမ်းစစ်ဆေးမှု ဆက်လက်ပြုလုပ်နေပါတယ်။
ကိုးကား – Bangkok Post
Ref; Illegal migrant killed, 2 injured in crash near border
#Ayeyarwaddy_Times