ဧရာဝတီတိုင်းမ်
(ဟားခါး)၊ ဇန်နဝါရီလ ၉ ရက်

ချင်းပြည်နယ်၊ ဟားခါးမြို့တွင် တာဝန်ထမ်းဆောင်နေသော စစ်ကောင်စီလက်အောက်ခံ ပြည်သူ့စစ် တပ်ဖွဲ့ဝင် သုံးဦးသည် လက်နက်ခဲယမ်းများနှင့်အတူ ချင်းကာကွယ်ရေးတပ်ဖွဲ့(ဟားခါး)ထံ အလင်းဝင် ရောက်လာကြောင်းသိရသည်။

အဆိုပါစစ်ကောင်စီလက်အောက်ခံ ပြည်သူ့စစ်တပ်ဖွဲ့ဝင် သုံး ဦးတို့သည် ပြီးခဲ့သည့် ဇန်နဝါရီလ ၃ ရက်၊ ၆ ရက်နှင့် ၇ ရက်နေ့တို့တွင် အလင်းဝင်လာခြင်းဖြစ်ပြီး စစ်ကောင်စီလက်အောက်တွင် တာဝန် ထမ်းဆောင် လိုခြင်းမရှိသည့်အတွက် ပြည်သူများထံ လာရောက်ပူးပေါင်းခြင်းဖြစ်ကြောင်း ချင်းကာကွယ်ရေးတပ်ဖွဲ့ (ဟားခါး)က ထုတ်ပြန်ထားသည်။

ထို့သို့ အလင်းဝင်လာကြသော ပြည်သူ့စစ်တပ်ဖွဲ့ဝင် သုံးဦးကို ချင်းကာကွယ်ရေးတပ်ဖွဲ့(ဟားခါး)က ဆုငွေများအသီးသီးချီးမြှင့်ခဲ့ပြီး လွတ်မြောက်နယ်မြေအထိ တာဝန်ယူဆောင်ရွက်ပေးခဲ့ကြောင်း ထုတ်ပြန်ချက်အရ သိရသည်။

စစ်ကောင်စီလက်အောက်တွင် တာဝန်ထမ်းဆောင်လိုခြင်းမရှိဘဲ ပြည်သူများနှင့် ပူပေါင်းပါဝင်လိုသော စစ်ကောင်စီတပ်ဖွဲ့ဝင်များကို ချင်းကာကွယ်ရေးတပ်ဖွဲ့(ဟားခါး)အနေဖြင့် အမြဲကြိုဆိုနေပြီး အချိန် မရွေးဆက်သွယ်နိုင်ကြောင်းနှင့် လွတ်မြောက်နယ်မြေရောက်သည်အထိ တာဝန်ယူဆောင်ရွက်ပေးမည် ဖြစ်ကြောင်းCDF-Hakha က ထုတ်ပြန်ချက်တွင် အသိပေးဖော်ပြထားသည်။

စစ်ကောင်စီလက်အောက်ခံပြည်သူ့စစ်တပ်ဖွဲ့ဝင် သုံး ဦး အလင်းဝင်ရောက်လာမှုနှင့် ပတ်သက်ပြီး CDF-ဟားခါးကို ဧရာဝတီတိုင်းမ်အနေဖြင့် ဆက်သွယ်ခဲ့သော်လည်း ဖုန်းလိုင်းအခက်အခဲကြောင့် ဆက်သွယ် ၍ မရခဲ့ပေ။

ပုံစာ-CDF-ဟားခါးထံ အလင်းဝင်ရောက်လာသော ပြည်သူ့စစ် ၃ ဦး။

#ချင်းကာကွယ်ရေးတပ်ဖွဲ့ #ဟားခါး #စစ်ကောင်စီလက်အောက်ခံ #ပြည်သူ့စစ်၃ဦး #လက်နက်ခဲယမ်းများ #အလင်းဝင် #Ayeyarwaddy_Times