
ဧရာဝတီတိုင်းမ်
ဇန်နဝါရီ ၈ ရက်
ဧရာ၀တီတိုင်း၊ ပုသိမ်မြို့ပေါ် ရှိ မော်တော်ယာဥ်လိုင်းများကို ဇန်နဝါရီလဆန်းမှစတင်၍ ခရီးသွားကားလတ်မှတ်များရောင်းချရာတွင် ရခိုင်နှင့်စစ်ကိုင်းတိုင်းမှတ်ပုံတင် ကိုင်ဆောင်သူများကို ရောင်းချခြင်းမပြုရန် စစ်ကောင်စီမှ ညွှန်ကြားထားကြောင်း သိရှိရသည်။
“ဆယ့်တစ်မျဥ်းစောင်းနဲ့ ငါးမျဥ်းစောင်းစတဲ့မှတ်ပုံတင် နဲ့ ခရီးသွားဖို့ လတ်မှတ်လာ၀ယ်ရင် လုံး၀မရောင်းဖို့ မြို့နယ် မထသက လိုက်ပြောနေတယ်။ ဘာကြောင့်လဲတော့မပြောဘူး၊ တစ်ကယ်လို့ သက်ဆိုင်ရာ မြို့နယ်စစ်ကောင်စီက ခွင့်ပြုတဲ့လတ်မှတ်ပါရင်တော့ ရောင်းလို့ရတယ်လို့သိရတယ်”ဟု ပုသိမ်မြို့ ခရီးသည်ပို့ဆောင်ရေး ယာဥ်လိုင်း လတ်မှတ်ရောင်းသူတစ်ဦးက ဧရာ၀တီတိုင်းမ်ကို ပြောသည်။
ပုသိမ်မြို့မှ အခြားဒေသများသို့ ထွက်ခွာသည့် လမ်းတစ်လျှောက်တွင် မှတ်ပုံတင်စစ်ဆေးမည်ဖြစ်ပြီး အဆိုပါမှတ်ပုံတင်ကိုင်ဆောင်သူတွေ့ရှိပါက ဖမ်းဆီးမည်ဖြစ်ကာ ယာဉ်လိုင်းကိုပါအရေးယူမည်ဟု အသိပေးထားကြောင်း သိရသည်။
ရန်ကုန်မှ ပုသိမ်သို့ ခရီးသည်တင်ကားများထွက်ခွါရာတွင်လည်း ညောင်တုန်းမြို့နယ် ဗိုလ်မြတ်ထွန်းတံတားဂိတ်နှင့် ပန်တိုင်ဂိတ်တို့တွင် စစ်ကောင်စီမှစစ်ဆေးရာတွင် စစ်ကိုင်းနှင့် ရခိုင် မှတ်ပုံတင်ကိုင်ဆောင်သူများကို ကားပေါ်မှဆင်းခိုင်းကာ ခေါ်ထားကြောင်း သိရှိရသည်။
#ရခိုင် #စစ်ကိုင်းတိုင်း #မှတ်ပုံတင် #ကိုင်လတ်မှတ်မရောင်းရန် #ဧရာဝတီတိုင်း #စစ်ကောင်စီညွှန်ကြား
#Ayeyarwaddy_Times