
ဧရာဝတီတိုင်းမ်
ဇန်နဝါရီ ၈ ရက်
ကချင်ပြည်နယ်၊ မံစီမြို့နယ်ရှိ စစ်ကောင်စီ၏ နောက်ဆုံး လက်ကျန်စခန်းသုံးခုလုံးကို ကချင်လွတ် လပ်ရေးတပ်မတော် (KIA) က သိမ်းပိုက်လိုက်ပြီး မြို့တွင်းရှိ အရေးကြီးနေရာများကိုပါ ထိန်း ချုပ်လိုက်ကြောင်း သိရသည်။
ယနေ့ ဇန်နဝါရီ ၈ ရက်နေ့ နံနက် ၁၁ နာရီခန့်က မံစီရှိ ခမရ ၃၁၉၊ ခမရ ၆၀၁ နှင့် အမတ ၃၅၂ စခန်းသုံးခုလုံးကို အပြီးသတ်သိမ်းပိုက်လိုက်ကြောင်း သိရသည်။
“တပ်ရင်းသုံးခုလုံးကို သိမ်းလိုက်တယ်။ သုံ့ပန်းနဲ့ လက်နက်ခဲယမ်းတွေကိုလည်း ရရှိပါတယ်”ဟု ကချင် စစ်ရေးသတင်းရင်းမြစ်က ဧရာဝတီတိုင်းမ်ကို ပြောသည်။
ပြီးခဲ့သည့် ဒီဇင်ဘာ ၂၅ ရက်နေ့က မံစီမြို့အတွင်း တိုက်ပွဲအပြင်းအထန်ဖြစ်ပွားခဲ့ရာ ဗျူဟာမှူးဗိုလ်မှူး ကြီး အောင်ငြိမ်ချမ်း စနိုက်ဘာထိမှန်သေဆုံးခဲ့ပြီး KIA က မြို့အတွင်းရှိ တပ်စခန်းတစ်ခုကိုလည်း သိမ်းပိုက်နိုင်ခဲ့ကာ မြို့ကိုလည်း ဝိုင်းပတ်ပိတ်ဆို့ထား နိုင်ခဲ့ကြောင်း သိရသည်။
KIA သည် ပြီးခဲ့သည့် ဒီဇင်ဘာ ဒုတိယပတ်ကတည်းက မံစီမြို့ရှိ မြေပြင်ထောက်ပို့လမ်းကြောင်း အားလုံးကို ထိန်းချုပ်ထားသည့်အတွက် စစ်ကောင်စီသည် တပ်ရင်းသုံးခုလုံးကို လေကြောင်းမှနေ၍ လက်နက်ခဲယမ်း ပို့ဆောင်နေရကြောင်း သိရသည်။
စစ်ကောင်စီသည် မူဆယ်တပ်ရင်းများမှ အင်အား ၁၂၀ ခန့်ကို မံစီမြို့အတွင်းသို့ ပို့ထားပြီး မြို့ကို ကာကွယ်ခဲ့သော်လည်း ယနေ့ ဇန်နဝါရီ ၈ ရက်နေ့တွင် တပ်ရင်းသုံးခုလုံးကို KIA က သိမ်းပိုက်၍ မြို့တွင်းရပ်ကွက်များကို ထိန်းချုပ်ခဲ့ခြင်းဖြစ် ကြောင်းသိရသည်။
ပုံစာ- မံစီတပ်ရင်းများကို KIAသိမ်းပိုက်ထားစဥ်
#ကချင် #မံစီ #စစ်ကောင်စီ #တပ်ရင်း၃ခု #KIA #သိမ်းပိုက် #Ayeyarwaddy_Times