
ဧရာဝတီတိုင်းမ်
ဇန်နဝါရီ ၈ ရက်
မြန်မာနိုင်ငံဆိုင်ရာ အီရန်အစ္စလာမ်မစ်သမ္မတနိုင်ငံသံအမတ်အဖြစ် သံအမတ်ကြီး H.E. Dr. Nassereddin HEIDARI ကို ခန့်အပ်ရန် သဘောတူပြီးနောက် စစ်ခေါင်းဆောင် မင်းအောင်လှိုင်ထံ ယမန်နေ့ ဇန်နဝါရီ ၇ ရက်က သံအမတ်ခန့်အပ်လွှာ ပေးအပ်ခဲ့ကြောင်း စစ်ကောင်စီဝါဒဖြန့် မီဒီယာများတွင် ဖော်ပြခဲ့ကြသည်။
မြန်မာ အီရန်သံအမတ်ခန့်အပ်ခံရသူသည် ဘန်ကောက်မြို့တွင် အခြေစိုက်ရုံးထိုင်သည့် ထိုင်နိုင်ငံဆိုင်ရာ အီရန်သံအမတ်လည်းဖြစ်ပြီး ပြီးခဲ့သည့် ၂၀၂၄ ခုနှစ်၊ ဇွန် တွင် စတင်ကာ ထိုင်းနိုင်ငံတွင်တာဝန်ထမ်း ဆောင်ခဲ့ပြီး ဇူလိုင်တွင် မြန်မာနိုင်ငံ သံအမတ်အဖြစ်ပါ တာဝန်ယူရန် မြန်မာနိုင်ငံမှ သဘောတူခဲ့ ခြင်းဖြစ်သည်။
သံအမတ်ခန့်အပ်လွှာ ပေးအပ်ပြီးနောက် စစ်ခေါင်းဆောင် နှင့် အီရန်သံအမတ်တို့သည် မြန်မာနိုင်ငံ နိုင်ငံရေး အခြေအနေများ၊ ရွေးကောက်ပွဲကျင်းပနိုင်ရေးကြိုတင်ပြင်ဆင်ဆောင်ရွက်မှု အခြေအနေများ၊ တရားမျှတသေည့် ရွေးကောက်ပွဲဖြစ်စေရေး နိုင်ငံတကာ အကူအညီအမှုရရန် စသည့် အချက် အလက်များ ဆွေးနွေးခဲ့ကြာင်း စစ်ကောင်စီ ဝါဒဖြန့် မီဒီယာများတွင် ဖော်ပြခဲ့သည်။
သံအမတ်ခန့်အပ်လွှာပေးအပ်ပွဲတွင် မြန်မာနိုင်ငံဆိုင်ရာ အီရန်သံအမတ်မှ စစ်ခေါင်းဆောင် မင်းအောင်လှိုင်၊ ဗိုလ်ချုပ်ကြီးရဲဝင်းဦး၊ ဒုတိယဝန်ကြီးချုပ်၊ နိုင်ငံခြားရေးဝန်ကြီး ဦးသန်းဆွေ၊ သံတမန်ရေးရာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဇော်ထွန်းဦး တို့နှင့် တွေ့ဆုံခဲ့ ကြောင်းလည်း သိရသည်။
နှစ်နိုင်ငံချစ်ကြည်ရင်းနှီးမှုရစေရန် နှင့် ကာကွယ်ရေးကဏ္ဍကဲ့သို့ ကဏ္ဍပေါင်းစုံ တိုးတက်စေရန်ဟုဆိုကာ စစ်ခေါင်းဆောင်က မြန်မာနိုင်ငံဆိုင်ရာ သံအမတ်ခန့်အပ်ခဲ့သည့် အီရန်နိုင်ငံသည် ရှရှားနိုင်ငံနှင့် ရင်းနှီးသောဆက်ဆံရေးတည်ဆောက်ထားသည့် နိုင်ငံတစ်ခု ဖြစ်သည်။
ဓာတ်ပုံ – MOI
#အီရန် #စစ်ခေါင်းဆောင် #သံအမတ်ခန့်အပ် #ထိုင်းသံအမတ် #Ayeyarwaddy_Times