
ဧရာဝတီတိုင်းမ်
ဇန်နဝါရီ ၈ ရက်
ယူကရိန်းနိုင်ငံက နယ်စပ်ဖြတ်ကျော် ထိုးစစ်ဆင်မှု စတင်ပြီးနောက်ပိုင်း ၅ လအတွင်း ရုရှားနိုင်ငံ အနောက်ပိုင်း ကာတ်စ်ဒေသမှာ ရုရှားတပ်ဖွဲ့ဝင် ၃၈၀၀၀ ကျော် သေကျေဒဏ်ရာရရှိခဲ့တယ်လို့ ယူကရိန်း သမ္မတ ဇီလန်စကီးက ပြောပါတယ်။
ရုရှားစစ်သား ၁၅၀၀၀ ခန့် သေဆုံးခဲ့တယ်လို့ ကာတ်စ်ဒေသ စစ်ဆင်ရေး ၅ လပြည့် အထိမ်းအ မှတ် မိန့်ခွန်းတစ်ခုအတွင်း ၎င်းက ပြောပါတယ်။
တနင်္ဂနွေနေ့က ယူကရိန်းတပ်ဖွဲ့ဟာ ကာတ်စ်ဒေသမှာ စစ်ဆင်ရေးသစ်တစ်ခု စတင်ခဲ့လို့ တိုက် ပွဲတွေ ပြင်းထန်နေပါတယ်။
ရုရှားတပ်ဖွဲ့တွေဟာ မြောက်ကိုရီးယားစစ်သားတွေနဲ့အတူ ကာတ်စ်ဒေသရှိ ဆုံးရှုံးသွားတဲ့နယ် မြေကို ပြန်သိမ်းပိုက်ဖို့ ကြိုးပမ်းနေတယ်လို့ သိရပါတယ်။
ဇန်နဝါရီလ ၂၀ ရက် အမေရိကန် ရွေးကောက်ခံသမ္မတ ဒေါ်နယ်ထရမ့်ရဲ့ ကျမ်းသစ္စာကျိန်ဆိုပွဲမ တိုင်မီ ယူကရိန်းက ရနိုင်သလောက် ပိုင်နက်နယ်မြေကို ထိန်းချုပ်လိုပါတယ်။
ယူကရိန်းက ငြိမ်းချမ်းရေး ဆွေးနွေးရာမှာ အပေးအယူလုပ်ရာမှာ နယ်မြေထိန်းချုပ်မှုကို အား သာချက်ရယူလိုပေမယ့် ရုရှားကလည်း ထိုးစစ်ဆင်မှုကို ပိတ်ပင်ဖို့ ရည်ရွယ်ဖွယ်ရှိပါတယ်။
ရုရှားသမ္မတ ဗလာဒီမာပူတင်ဟာ အင်္ဂါနေ့က ရုရှား အော်သိုဒေါ့ ခရစ္စမတ်အားလပ်ရက်အဖြစ် မော်စကိုမြို့တော်၊ ဗစ်တိုရီပန်းခြံရှိ ဘုရားကျောင်းတစ်ခုမှာ ယူကရိန်းစစ်ပြန်တွေနဲ့အတူ ဝတ်ပြုဆု တောင်းပွဲကို တက်ရောက်ခဲ့ပါတယ်။
ကိုးကား – NHK
Ref; Zelenskyy: Russia lost over 38,000 troops in Kursk in 5 months
#Ayeyarwaddy_Times