
ဧရာဝတီတိုင်းမ်
ဇန်နဝါရီ ၈ ရက်
ကနေဒါဝန်ကြီးချုပ် ဂျပ်စတင်ထရူဒေါက တိုင်းပြည်ကို ဆယ်စုနှစ်တစ်ခုနီးပါး ဉီးဆောင်ပြီး နောက် ရာထူးမှနှုတ်ထွက်မယ်လို့ တနင်္လာနေ့က ကြေညာခဲ့ပါတယ်။
လစ်ဘရယ်ပါတီ အကြီးအကဲနဲ့ ဝန်ကြီးချုပ်အဖြစ်မှ နှုတ်ထွက်တယ်လို့ အော့တဝါမြို့တော်မှာပြု လုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ သူက ပြောပါတယ်။
ဂျပ်စတင်ထရူဒေါဟာ ပါတီတွင်း ရာထူးမှနှုတ်ထွက်ဖို့ တောင်းဆိုမှုတွေ ရင်ဆိုင်နေရပြီး လွှတ် တော်နဲ့ ထိပ်တိုက်တွေ့ဆုံမှုတွေ ရှိနေပါတယ်။ ပါတီက ခေါင်းဆောင်သစ်တစ်ဉီး ရွေးချယ်ပြီးချိန်အထိ ပါ တီအကြီးအကဲအဖြစ် ဆက်လက်ရှိနေမယ်လို့ သူက ဆိုပါတယ်။
“ဒီတိုင်းပြည်ဟာ လာမယ့်ရွေးကောက်ပွဲမှာ စစ်မှန်သော ရွေးချယ်မှုတစ်ခုကို ထိုက်တန်ပါတယ်။ ကျွန်တော်က ပါတီတွင်း ရာထူးမှနှုတ်ထွက်ဖို့ တောင်းဆိုမှုတွေ ရင်ဆိုင်နေရတာကြောင့် ကျွန်တော်က လာမယ့်ရွေးကောက်ပွဲမှာ အကောင်းမွန်ဆုံး ရွေးချယ်မှုမဖြစ်နိုင်ပါဘူး” လို့ ၎င်းက ပြောပါတယ်။
ကနေဒါပြည်သူတွေဟာ ငွေကြေးဖောင်းပွမှုနဲ့ အိမ်ယာစျေးနှုန်းများ မြင့်တက်လာမှုကြောင့် အ ဆင်မပြေဖြစ်လာခဲ့ပြီး ဂျပ်စတင်ထရူဒေါဟာ ပါတီတွင်းနဲ့ အတိုက်အခံပါတီတွေရဲ့ ဖိအားပေးမှုကို ခံနေ ရပါတယ်။
ကနေဒါပြည်သူတွေဟာ စီးပွားရေးနဲ့ နိုင်ငံရေးပြဿနာတွေ ကမောက်ကမဖြစ်မှုကြောင့် ပြီးခဲ့တဲ့ နှစ်တွေအတွင်း ဂျပ်စတင်ထရူဒေါရဲ့ လူကြိုက်များမှု ကျဆင်းလာခဲ့ပါတယ်။
အမေရိကန် ရွေးကောက်ခံသမ္မတ ဒေါ်နယ်ထရမ့်ရဲ့ ကနေဒါကုန်စည်တွေအပေါ် စည်းကြပ်ခွန် ၂၅ ရာခိုင်နှုန်း ကောက်ခံဖို့ ခြိမ်းခြောက်မှုတွေကလည်း ကနေဒါနိုင်ငံရဲ့ နိုင်ငံရေးကို ထိခိုက်စေခဲ့ပါတယ်။
ဒေါ်နယ်ထရမ့်ရဲ့မူဝါဒတွေနဲ့ သဘောထားကွဲလွဲမှုတွေကို ဘယ်လို ကိုင်တွယ်ဖြေရှင်းရမလဲဆို တာနဲ့ပတ်သက်လို့ ဒုတိယဝန်ကြီးချုပ်နဲ့ ဘဏ္ဍာရေးဝန်ကြီး ခရစ်ရှာဖရီးလန်ဟာ ဒီဇင်ဘာလအတွင်း ရာ ထူးမှနှုတ်ထွက်ခဲ့ပါတယ်။
ကိုးကား – NHK
Ref; Canadian prime minister announces resignation
#Ayeyarwaddy_Times