
ဧရာဝတီတိုင်းမ်
ဇန်နဝါရီ ၈ ရက်
တိဘက်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသမှာ ပြင်းအား ၆ ဒသမ ၆ အဆင့်ရှိ မြေငလျင်တစ်ခု လှုပ်ခတ် ခဲ့ရာ လူ ၉၅ ဉီး သေဆုံးခဲ့ပြီး ၁၃၀ ဉီး ဒဏ်ရာရရှိကာ နေအိမ် ၁၀၀၀ ကျော် ထိခိုက်ခဲ့ရတယ်လို့ တရုတ် အာဏာပိုင်တွေက ပြောပါတယ်။
အင်္ဂါနေ့မနက် ၉ နာရီ ၅ မိနစ်က တင်ဂရီစီရင်စုမှာ မြေအောက် ၁၀ ကီလိုမီတာအနက်ကို ဗဟို ပြုပြီး မြေငလျင် လှုပ်ခတ်ခဲ့တာလို့ တရုတ် မြေငလျင်တိုင်းတာရေးစင်တာက ပြောပါတယ်။
ငလျင်လှုပ်ခတ်ရာဧရိယာမှ ရုပ်သံဖိုင်တွေထဲမှာ နေအိမ်တွေလို့ယူဆရတဲ့ အုတ်အဆောက်အအုံ တွေ ကြီးမားစွာ ထိခိုက်ပျက်စီးတာကို ပြသပါတယ်။
ဟိုတယ်တွေ၊ စားသောက်ဆိုင်တွေအပြင် ဧဝရက်တောင်ရှုခင်းကြောင့် ကမ္ဘာလှည့်ခရီးသွားနယ် မြေတစ်ခုဖြစ်တဲ့ ငလျင်လှုပ်ခတ်ရာ တင်ဂရီစီရင်စုဟာ နီပေါနိုင်ငံနဲ့ နယ်နိမိတ်ချင်း ထိစပ်နေပါတယ်။
မြေငလျင် လှုပ်ခတ်ပြီးနောက် လူဉီးရေ ၆၀၀၀၀ ခန့်ရှိရာ တင်ဂရီစီရင်စုရှိ ကမ္ဘာလှည့်ခရီးသွား နေရာတွေကို ပိတ်ပင်ခဲ့ပါတယ်။
ဒေသန္တရ မီးသတ်သမားတွေ၊ ကယ်ဆယ်ရေးသမားတွေအပြင် တရုတ်ဗဟိုအစိုးရက ဘေး အန္တရာယ် တုံ့ပြန်ရေးအဖွဲ့နဲ့ စစ်ဘက်တပ်ဖွဲ့ဝင်တွေကို တင်ဂရီစီရင်စုသို့ စေလွှတ်ခဲ့ပြီး ထိခိုက်ပျက်စီးမှု အတိုင်းအတာကို အကဲဖြတ်လျက်ရှိပါတယ်။
ပျောက်ဆုံးနေသူတွေကို ရှာဖွေ၊ ကယ်ဆယ်နိုင်ရေး အစွမ်းကုန်လုပ်ဆောင်ဖို့နဲ့ ကယ်ဆယ်ရေး ပစ္စည်းတေွ အမြန်ဆုံး ဝယ်ယူဖို့ တရုတ်သမ္မတ ရှီကျင့်ဖျင်က တာဝန်ရှိသူတွေကို ညွှန်ကြားခဲ့ပါတယ်။
၂၀၁၅ ခုနှစ်၊ ဧပြီလအတွင်း အိမ်နီးချင်း နီပေါနိုင်ငံမှာ ပြင်းအား ၇ ဒသမ ၈ အဆင့်ရှိ မြေငလျင် တစ်ခု လှုပ်ခတ်ခဲ့ရာ လူပေါင်း ၉၀၀၀ ခန့် သေဆုံးခဲ့ပါတယ်။
ကိုးကား – NHK
Ref; Powerful earthquake in China’s Tibetan region kills at least 95
#Ayeyarwaddy_Times