ဧရာဝတီတိုင်းမ်
ဇန်နဝါရီ ၇ ရက်

ရွေးကောက်ခံသမ္မတ ဒေါ်နယ်ထရမ့်က အမေရိကန်နိုင်ငံကို နေတိုးအဖွဲ့မှ နှုတ်ထွက်ပါက ရုရှား သမ္မတ ဗလာဒီမာပူတင်က ဉရောပတိုက်ကို ဖျက်ဆီးနိုင်တယ်လို့ ယူကရိန်းသမ္မတ ဇီလန်စကီးက သတိ ပေးလိုက်ပါတယ်။

ဒေါ်နယ်ထရမ့်ဟာ စစ်ပွဲအဆုံးသတ်ရေးမှာ ခြားနားမှုတစ်ခု ပြုလုပ်နိုင်တယ်လို့ ဇီလန်စကီးက ပြောကြားခဲ့ပြီး အမေရိကန်နိုင်ငံရဲ့ အကူအညီသာမရှိပါက ပူတင်က အရာအားလုံးကို ဖျက်ဆီးမယ်လို့ သတိပေးလိုက်ပါတယ်။

ဒေါ်နယ်ထရမ့်ဟာ ပထမအကြိမ် သမ္မတတာဝန်ယူခဲ့စဉ် နေတိုးအဖွဲ့ကို ဝေဖန်ခဲ့ပြီး အမေရိကန် နိုင်ငံကို နေတိုးအဖွဲ့မှ နှုတ်ထွက်လိုခဲ့တယ်လို့ ပြောကြားခဲ့ပါတယ်။

ဒေါ်နယ်ထရမ့်က စစ်ပွဲကို မတူညီမှုတစ်ခု လုပ်ဆောင်နိုင်တယ်လို့ ဇီလန်စကီးက ပြောပေမယ့် ပူ တင်ရဲ့ အနာဂတ် ကျူးကျော်မှုကို ဟန့်တားရာမှာ အမေရိကန်နိုင်ငံရဲ့ အခန်းကဏ္ဍ အရေးပါတယ်လို့ ဆို ပါတယ်။

ယူကရိန်းစစ်ပွဲ အဆုံးသတ်ဖို့ လုံခြုံရေး အာမခံချက်တွေကသာလျင် ထိရောက်မှုရှိမယ်လို့လည်း ဇီလန်စကီးက ထောက်ပြခဲ့ပါတယ်။

စစ်ပွဲအဆုံးသတ်စေမယ့် သဘောတူညီချက်တစ်ရပ်ကို ကြီးကြပ်ဖို့ ယူကရိန်းနိုင်ငံသို့ အနောက် နိုင်ငံများမှ ငြိမ်းချမ်းရေး ထိန်းသိမ်းမှုတပ်ဖွဲ့ဝင်တွေ စေလွှတ်ဖို့ ပြင်သစ်သမ္မတ အီမန်နျူရယ်မေခရွန်ရဲ့ အကြံပြုချက်ကို ဒေါ်နယ်ထရမ့်က အခုလို တုံ့ပြန်ခဲ့တာပါ။

စစ်ပွဲအဆုံးသတ်ဖို့ ယူကရိန်းနိုင်ငံအနေနဲ့ လုံခြုံရေး အာမခံချက်တွေ လိုအပ်တယ်လို့ အမေရိ ကန်မီဒီယာ Fridman နဲ့ အင်တာဗျူးတစ်ခုမှာ ဇီလန်စကီးက ပြောပါတယ်။

လုံခြုံရေး အာမခံချက်ပေးရေးမှာ အမေရိကန်နိုင်ငံရဲ့ပါဝင်မှု အရေးကြီးတယ်လို့ ၎င်းက ထောက် ပြခဲ့ပြီး ပူတင်က ယူကရိန်းကို ပြန်တိုက်ခိုက်လိမ့်မယ်လို့ ဆိုပါတယ်။

“သမ္မတ ဒေါ်နယ်ထရမ့်က နေတိုးအဖွဲ့မှ နှုတ်ထွက်ရင် ပူတင်က အရာအားလုံးကို ဖျက်ဆီးပါ လိမ့်မယ်။ ဒါဟာ အမေရိကန်နိုင်ငံရဲ့ ဆုံးဖြတ်ချက်ပါ” လို့ ဇီလန်စကီးက ပြောပါတယ်။

ကိုးကား – Newsweek
Ref; Putin Will ‘Destroy’ Europe Without US Help: Zelensky

#Ayeyarwaddy_Times