
ဧရာဝတီတိုင်းမ်
ဇန်နဝါရီ ၇ ရက်
ထိုင်းနိုင်ငံသို့ ရုပ်ရှင်ရိုက်ကူးရန် လာရောက်ပြီးနောက် ထိုင်း-မြန်မာ နယ်စပ် မဲဆောက်မြို့တွင် ပျောက်ဆုံးခဲ့သည့် တရုတ် သရုပ်ဆောင်မင်းသား Wang Xing ကို ယနေ့ ဇန်နဝါရီ ၇ ရက်နေ့တွင် ပြန်လည် တွေ့ရှိပြီဖြစ်ကြောင်း ထိုင်းသတင်းဌာနများ၏ ဖော်ပြချက်အရ သိရသည်။
တရုတ် သရုပ်ဆောင် Wang Xing ခေါ် Xing Xing သည် မြန်မာနယ်စပ်ဖြတ်ကျော်ပြီးနောက် ပြီးခဲ့သည့် ဇန်နဝါရီ ၃ ရက်နေ့က စတင်ကာ အဆက်သွယ်မရရှိတော့ဘဲ ပျောက်ဆုံးခဲ့ခြင်းဖြစ်ကြောင်း အတည်ပြုပြီးနောက် ထိုင်းအာဏာပိုင်များက မြန်မာအာဏာပိုင်များကို ဆက်သွယ်ကာ ရှာဖွမှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။
ပျောက်ဆုံးနေသည့် တရုတ်သရုပ်ဆောင်ကို ပြန်တွေ့ပြီးနောက် ၎င်းကို တွေ့ဆုံရန် ကလေး၊ အမျိုးသမီး၊မိသားစု နှင့် လူကုန်ကူးမှု စောင့်ရှောက်ရေးစင်တာ၏ ဒါရိုက်တာဖြစ်သူ အမျိုးသား ရဲစုံစမ်းရေးချုပ် Thatchai Pitaneelabutr ကိုယ်တိုင် လာရောက်နေပြီဖြစ်ကြောင်းလည်း ထိုင်း သတင်းဌာနများတွင် ဖော်ပြထားသည်။
အဆိုပါမင်းသားမှာ ထိုင်းနိုင်ငံတွက် ရိုက်ကူးရေးလုပ်ရန် ရှန်ဟိုင်း မှ သုဝဏ္ဏဘူမိလေဆိပ်သို့ ရောက်ရှိကာ ထိုမှတဆင့် ထိုင်း-မြန်မာ နယ်စပ် မဲဆောက်သို့ ရောက်ရှိစဉ် ပျောက်ဆုံးခဲ့ခြင်းဖြစ်သည်။
တရုတ်သရုပ်ဆောင်မင်းသား ပျောက်ဆုံးမှုကြောင့် တရုတ်နိုင်ငံအတွင်းမှ နာမည်ကြီး အနုပညာရှင်အများအပြားမှ ဝိုင်းဝန်းထုတ်ဖော်ပြောဆိုကာ ဆုတောင်းပေးခဲ့ကြပြီး ထိုသို့ ဆုတောင်း ပေးသူများတွင် မြန်မာနိုင်ငံရှိကျားဖြန့်လုပ်ငန်းများ အကြောင်းရိုက်ကူးထားသည့် တရုတ်နာမည်ကြီး ရုပ်ရှင် “No More Bets” ဇာတ်ကားမှ မင်းသား Zhang Yixing လည်း ပါဝင်ကြောင်း သိရသည်။
ကိုးကား – Khaosod English, Bangkok Post
#ထိုင်းမြန်မာနယ်စပ် #ပျောက်ဆုံးခဲ့သည့် #တရုတ်မင်းသား #ပြန်လည်တွေ့ရှိ #Ayeyarwaddy_Times