
ဧရာဝတီတိုင်းမ်
ဇန်နဝါရီ ၇ ရက်
ပြည်ပသို့ ထွက်ပြေးတိမ်းရှောင်နေတဲ့ ဝန်ကြီးချုပ်ဟောင်း ရှိတ်ခ်ဟာစီနာအတွက် ဘင်္ဂလားဒေ့ရှ် တရားရုံးတစ်ခုက ဒုတိယမြောက် ဖမ်းဝရမ်း ထုတ်လိုက်တယ်လို့ အစိုးရရှေ့နေချုပ်က တနင်္လာနေ့မှာ ပြောပါတယ်။
ကျောင်းသားတွေဉီးဆောင်တဲ့ တော်လှန်ရေးမှာ ဖြုတ်ချခံရပြီးနောက် ဩဂုတ်လအတွင်း အိန္ဒိယ နိုင်ငံသို့ ထွက်ပြေးခဲ့တဲ့ အသက် ၇၇ နှစ်အရွယ် ရှိတ်ခ်ဟာစီနာအတွက် လူသားမျိုးနွယ်စုအပေါ် ကျူး လွန်သော ရာဇဝတ်မှုစွဲချက်တွေနဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံက ဖမ်းဝရမ်းတစ်ရပ် ထုတ်ခဲ့ပြီးဖြစ်ပါတယ်။
ရှိတ်ခ်ဟာစီနာရဲ့ ၁၅ နှစ်ကြာ အုပ်ချုပ်မှုကာလအတွင်း အစုလိုက်အပြုံလိုက် ထိန်းသိမ်းမှုနဲ့ နိုင်ငံ ရေး အတိုက်အခံတွေကို တရားလက်လွှတ်သတ်ဖြတ်မှုတွေ အပါအဝင် လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ကျယ်ပြန့်စွာ လုပ်ဆောင်ခဲ့ပါတယ်။
ဒုတိယမြောက် ဖမ်းဝရမ်းဟာ ရှိတ်ခ်ဟာစီနာ အုပ်ချုပ်စဉ်ကာလအတွင်း ပျောက်ဆုံးသူတွေနဲ့ ဆက်စပ်တယ်လို့ အစိုးရရှေ့နေချုပ် တာဂျူးအစ္စလာမ်က ပြောပါတယ်။
လူပေါင်း ၅၀၀ ကျော်ဟာ ဘင်္ဂလားဒေ့ရှ် လုံခြုံရေးတပ်ဖွဲ့ဝင်တွေရဲ့ ဖမ်းဆီးခြင်းခံခဲ့ရပြီး အချို့ကို နှစ်နဲ့ချီကြာအောင် လျှို့ဝှက်စခန်းတွေမှာ ထိန်းသိမ်းခဲ့ပါတယ်။
“တရားရုံးက ရှိတ်ခ်ဟာစီနာနဲ့ စစ်ဘက်အကြံပေး၊ စစ်ဘက်အရာရှိနဲ့ အခြား တာဝန်ရှိသူတွေ အ ပါအဝင် လူ ၁၁ ဉီးကို ဖမ်းဝရမ်း ထုတ်ခဲ့ပါတယ်” လို့ အစ္စလာမ်က သတင်းထောက်တွေကို ပြောပါတယ်။
ရှိတ်ခ်ဟာစီနာကို တရားရင်ဆိုင်နိုင်ရေး နေရပ်ပြန်ပို့ဖို့ ဘင်္ဂလားဒေ့ရှ်နိုင်ငံက ဒီဇင်ဘာလအတွင်း အိန္ဒိယနိုင်ငံကို တောင်းဆိုခဲ့ပေမယ့် နယူးဒေလီက ငြင်းဆန်ခဲ့ပါတယ်။
“ကျွန်တော်တို့ တရားစီရင်မှုလုပ်ငန်းစဉ်ကို ဖြစ်နိုင်သမျှ အမြန်ဆုံး ပြီးဆုံးလိုပေမယ့် ဉပဒေ ချိုး ဖောက်မယ်လို့ ဆိုလိုတာမဟုတ်ပါဘူး” လို့ သူက သတင်းထောက်တွေကို ပြောပါတယ်။
လူပေါင်း ၇၀၀ ကျော် သေဆုံးခဲ့ရတဲ့ ရဲတပ်ဖွဲ့ရဲ့ ဆန္ဒပြသူတွေအပေါ် နှိမ်နင်းမှုမှာ ပါဝင်ခဲ့သူ ဒါ ဇင်နဲ့ချီတဲ့ ရှိတ်ခ်ဟာစီနာ ထောက်ခံသူတွေဟာ အစိုးရပြိုလဲပြီးနောက် ထိန်းသိမ်းခံခဲ့ရပါတယ်။
ကိုးကား – AFP
Ref; Bangladesh issues second arrest warrant for exiled Hasina
#Ayeyarwaddy_Times