ဧရာဝတီတိုင်းမ်
ဇန်နဝါရီ ၆ ရက်

ရုရှားနိုင်ငံ၊ ကာတ်စ်ဒေသမှာ ယူကရိန်းတပ်ဖွဲ့တွေရဲ့လက်ချက်ကြောင့် မြောက်ကိုရီးယားစစ် သား ၃၈၀၀ ခန့် သေဆုံး သို့မဟုတ် ဒဏ်ရာရရှိခဲ့တယ်လို့ သမ္မတ ဇီလန်စကီးက အမေရိကန်မီဒီယာ Lex Fridman နဲ့ အင်တာဗျူးတစ်ခုမှာ ပြောကြားခဲ့ပါတယ်။

မြောက်ကိုရီးယားနိုင်ငံဟာ ၂၀၂၄ ခုနှစ်၊ ဆောင်းဉီးရာသီမှာ ကာတ်စ်ဒေသသို့ တပ်ဖွဲ့ဝင် ၁၂၀၀၀ အထိ စေလွှတ်ခဲ့ပါတယ်။

မြောက်ကိုရီးယားနိုင်ငံဟာ ရှေ့တန်းစစ်မျက်နှာပြင်သို့ တပ်ဖွဲ့ဝင် ၃၀၀၀၀ မှ ၄၀၀၀၀ အထိ စေ လွှတ်နိုင်တဲ့စွမ်းရည်ရှိတယ်လို့ ဇီလန်စကီးက အင်တာဗျူးမှာ ထည့်ပြောခဲ့ပါတယ်။

ယူကရိန်းနိုင်ငံဟာ ဇန်နဝါရီလ ၅ ရက်က ကာတ်စ်ဒေသမှာ စစ်ဆင်ရေးတွေ အရှိန်မြှင့်တင်ခဲ့ရာ ရုရှားနဲ့ မြောက်ကိုရီးယားစစ်သားတွေ ထိခိုက်သေကျေမှု မြင့်မားခဲ့တယ်လို့ ၎င်းက ယူကရိန်း ထိပ်တန်း တပ်မှူးရဲ့ အချက်အလက်တွေကို ကိုးကားပြီး ပြောပါတယ်။

မြောက်ကိုရီးယားတပ်ဖွဲ့တွေဟာ ကာတ်စ်ဒေသရှိ ယူကရိန်းတပ်စခန်းတွေကို လူသားလှိုင်း တိုက်ခိုက်မှုတွေ ပြုလုပ်ခဲ့လို့ ထိခိုက်သေကျေမှု များပြားခဲ့တယ်လို့ အမေရိကန် အိမ်ဖြူတော် အမျိုးသား လုံခြုံရေးကောင်စီ ပြောရေးဆိုခွင့်ရှိသူ ဂျွန်ကာဘီက ဒီဇင်ဘာလ ၂၇ ရက်မှာ ပြောကြားခဲ့ပါတယ်။

ဖမ်းဆီးခံရပါက မိသားစုဝင်တွေကို ဒုက္ခပေးမှာစိုးရိမ်တာကြောင့် မြောက်ကိုရီးယားစစ်သားတွေ ဟာ ယူကရိန်းတပ်ဖွဲ့ထံ လက်နက်ချတာထက် အသက်အသေခံတိုက်ခိုက်ခဲ့ကြတယ်လို့ သူက ဆိုပါ တယ်။

အမေရိကန် ရွေးကောက်ခံသမ္မတ ဒေါ်နယ်ထရမ့် ဇန်နဝါရီလ ၂၀ ရက်မှာ ကျမ်းသစ္စာမကျိန်ဆိုမီ ယူကရိန်းနဲ့ ရုရှားတို့ဟာ ကာတ်စ်ဒေသမှာ နယ်မြေသိမ်းပိုက်နိုင်ဖို့ ကြိုးပမ်းနေပါတယ်။

ယူကရိန်းနဲ့ရုရှားကြား ငြိမ်းချမ်းရေး ဆွေးနွေးမှုတွေနဲ့အတူ စစ်ပွဲကို ၂၄ နာရီအတွင်း အဆုံး သတ်မယ်လို့ ဒေါ်နယ်ထရမ့်က ပြောကြားထားပါတယ်။

ရုရှားရဲ့ တန်ပြန်တိုက်ခိုက်မှုတွေကြောင့် ယူကရိန်းဟာ ယခင်ရရှိထားတဲ့ ပိုင်နက်နယ်မြေ ၄၀ ရာခိုင်နှုန်းကျော် ဆုံးရှုံးခဲ့ရတယ်လို့ သိရပါတယ်။

ကိုးကား – The Kiev Independent
Ref; 3,800 North Korean troops killed or injured in Russia’s Kursk Oblast, Zelensky says