ဧရာဝတီတိုင်းမ်
ဇန်နဝါရီ ၆ ရက်

မလေးရှားနိုင်ငံဟာ ရိုဟင်ဂျာဒုက္ခသည် ၃၀၀ နီးပါးကို နှင်ထုတ်ပြီးနောက် ရေကြောင်းနယ်စပ် တွေကို လုံခြုံရေး တိုးမြှင့်မယ်လို့ ဒေသန္တရမီဒီယာတွေက တနင်္ဂနွေနေ့မှာ ဖော်ပြခဲ့ပါတယ်။

အထောက်အထားမဲ့ ရွှေ့ပြောင်းတွေ လန်ကာဝီရေပိုင်နက်အတွင်း မဝင်ရောက်နိုင်အောင် လုံခြုံ ရေးဌာနတွေက အစီအမံတွေ တိုးမြှင့်လုပ်ဆောင်မယ်လို့ ထိုင်းနိုင်ငံနဲ့ နယ်နိမိတ်ထိစပ်နေတဲ့ မလေးရှား နိုင်ငံအနောက်မြောက်ပိုင်း ကီဒါပြည်နယ်အစိုးရက ပြောပါတယ်။

“ကျွန်တော်တို့ ရေပိုင်နက်တွေ ချိုးဖောက်မခံရအောင် ဘယ်အေဂျင်စီကမှ ခွင့်မပြုဖို့ ကျွန်တော် မျှော်လင့်ပါတယ်” လို့ ကီဒါပြည်နယ် အကြီးအကဲ မူဟမ်မက်ဆာနူစီက ပြောပါတယ်။

အပန်းဖြေကျွန်း လန်ကာဝီရေပိုင်နပ် အရှေ့မြောက်ပိုင်းကမ်းခြေပေါ် လှေနဲ့ရောက်ရှိလာတဲ့ ရို ဟင်ဂျာ ၁၉၆ ဉီးကို မလေးရှားအာဏာပိုင်တွေက သောကြာနေ့မှာ ဖမ်းဆီးခဲ့ပါတယ်။

မလေးရှား အာဏာပိုင်တွေဟာ စနေနေ့က မြန်မာနိုင်ငံမှ ရိုဟင်ဂျာ ၃၀၀ ဝန်းကျင် သယ်ဆောင် လာတဲ့ လှေနှစ်စင်းကို မောင်းထုတ်ခဲ့ပါတယ်။

အဆိုပါလှေနှစ်စင်းဟာ မလေးရှားပိုင်နက်အတွင်း ဝင်ရောက်ဖို့ ကြိုးပမ်းခဲ့တယ်လို့ ရေကြောင်း လုံခြုံရေးအေဂျင်စီက ပြောပါတယ်။

စစ်အာဏာသိမ်းမှုနောက်ပိုင်း ပဋိပက္ခကြောင့် ထွက်ပြေးလာတဲ့ ရိုဟင်ဂျာ ၁၁၁၄၁၀ ဉီး၊ ချင်း ၂၇၈၀၀ ဉီးနဲ့ အခြားတိုင်းရင်းသား ၃၁၀၀၀ ဉီး အပါအဝင် မြန်မာနိုင်ငံမှ လူ ၁၇၀၀၀၀ ဟာ မလေးရှား နိုင်ငံမှာ ဒုက္ခသည်အဖြစ် ခိုလှုံနေပြီး ခိုလှုံခွင့်တောင်းခံထားတယ်လို့ ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မ ဟာမင်းကြီးရုံး (UNHCR) ရဲ့ အချက်အလက်တွေအရ သိရပါတယ်။

ကိုးကား – Anadolu
Ref; Malaysia to beef up maritime borders after turning away 300 Rohingya

#Ayeyarwaddy_Times