ဧရာဝတီတိုင်းမ်
ဇန်နဝါရီ ၆ ရက်

အစောပိုင်း မျှော်လင့်ထားသလို မြန်မာစစ်ကောင်စီက ထိုင်းတံငါသည် (၄) ဉီးကို မလွှတ်သေး ဘူးလို့ ထိုင်း ကာကွယ်ရေးဝန်ကြီး ဖန်သမ်ဝီချာရာချိုင်းက ပြောပါတယ်။

ထိုင်းတံငါသည် (၄) ဉီး လွတ်မြောက်ရေးကို လုပ်ဆောင်နေဆဲဖြစ်ပြီး နိုင်ငံခြားရေးဝန်ကြီးဌာန က ပြဿနာကို အနီးကပ် စောင့်ကြည့်နေတယ်လို့ ဝီချာရာချိုင်းက တနင်္ဂနွေနေ့မှာ ပြောပါတယ်။

ဆွေမျိုးတွေက ထိုင်းတံငါသည် (၄) ဉီးကို ကော့သောင်းမြို့မှာ တွေ့ဆုံခဲ့ပြီးဖြစ်ကာ ၎င်းတို့အား လုံးက ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာ ကျန်းမာတယ်လို့ တွေ့ရှိခဲ့ရတယ်လို့ သူက ဆိုပါတယ်။

ထိုင်းတံငါသည် (၄) ဉီးကို မကြာမီ လွှတ်ပေးမှာဖြစ်ပေမယ့် လွှတ်ပေးရေးလုပ်ငန်းစဉ်ကြောင့် ရက်အတိအကျ မဖော်ပြနိုင်ဘူးလို့ ၎င်းက အတည်ပြုခဲ့ပါတယ်။

နိုဝင်ဘာလနှောင်းပိုင်းမှာ မြန်မာရေပိုင်နက်အတွင်း ကျူးကျော်ဝင်ရောက်မှုကြောင့် ထိုင်းတံငါ သည် (၄) ဉီးကို ထောင်ဒဏ် (၄) နှစ်မှ (၆) နှစ်အထိ ချမှတ်ခဲ့တယ်လို့ သိရပါတယ်။

မြန်မာ့လွတ်လပ်ရေးနေ့ အထိမ်းအမှတ်အဖြစ်လွတ်ငြိမ်းချမ်းသာခွင့်နဲ့ အကျဉ်းထောင်များမှ လွှတ်ပေးလိုက်သူတွေထဲမှာ ထိုင်းအကျဉ်းသား ၁၅၁ ဉီး ပါဝင်ပါတယ်။

မြန်မာနိုင်ငံမှာ ထိုင်းတံငါသည် (၄) ဉီး ကာလကြာမြင့်စွာ ထိန်းသိမ်းခံထားရတာနဲ့ပတ်သက်လို့ စိတ်ပျက်မိတယ်လို့ နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ နီကွန်ဒက်ဂျ်ဘာလန်ကူရာက ပြောပါ တယ်။

မြန်မာစစ်ကောင်စီက ထိုင်းတံငါသည်တွေ မြန်ဆန်စွာ လွတ်မြောက်ရေးအတွက် တွန်းအားပေး ဖို့ ကြိုးပမ်းခဲ့ပေမယ့် ထိုင်းတံငါသည်တွေ လွတ်မြောက်ရေးဟာ မြန်မာ့ပြည်တွင်းရေးအပေါ် မူတည်ခဲ့ တယ်လို့ ၎င်းက ဆိုပါတယ်။

နှစ်နိုင်ငံစလုံးရဲ့ ငါးဖမ်းလုပ်ငန်းနဲ့ နှစ်နိုင်ငံဆက်ဆံရေးနဲ့သက်ဆိုင်တဲ့ ကိစ္စရပ်တွေ ပါဝင်တာ ကြောင့် ထိုင်းတံငါသည်တွေ လွတ်မြောက်ရေးဟာ ထိရှလွယ်တဲ့ ပြဿနာလို့ သူက ဆက်ပြောပါတယ်။

ကိုးကား – Bangkok Post
Ref; Govt regrets Myanmar’s continued detention of Thai fishers, asks for patience

#Ayeyarwaddy_Times