
ဧရာဝတီတိုင်းမ်
ဇန်နဝါရီ ၅ ရက်
တရုတ်နိုင်ငံရှိ ကလေးငယ်များကြား HMPV လို့ခေါ်တဲ့ ဗိုင်းရပ်စ်ကူးစက်ရောဂါတစ်မျိုး ဖြစ်ပွား မှု မြင့်တက်နေတယ်လို့ တရုတ်နိုင်ငံပိုင်မီဒီယာတွေရဲ့ ဖော်ပြချက်အရ သိရပါတယ်။
HMPV ဗိုင်းရပ်စ်ဟာ ဖျားနာမှုလိုမျိုး အသက်ရှူလမ်းကြောင်း ကူးစက်မှုတွေအပြင် အဆုတ်ကူး စက်ရောဂါတွေ ဖြစ်စေနိုင်တယ်လို့ တရုတ် နိုင်ငံပိုင်မီဒီယာတွေက ဖော်ပြပါတယ်။
HMPV ဗိုင်းရပ်စ်ဟာ လက်ရှိ တရုတ်နိုင်ငံက ဆေးရုံတက်သူတွေကြား အဖြစ်များဆုံး ဗိုင်းရပ်စ် ကူးစက်ရောဂါ (၄) မျိုးအနက် တစ်မျိုးဖြစ်ပါတယ်။
“HMPV ဗိုင်းရပ်စ်ကို စတင်တွေ့ချိန်ကတည်းက သိသာထင်ရှားတဲ့ ပြဿနာတစ်ခုအဖြစ် သတ် မှတ်ခဲ့ပါတယ်” လို့ ဗြိတိန်၊ Warwick တက္ကသိုလ်မှ ရောဂါပိုးမွှားဗေဒ ပါမောက္ခ အန်ဒရူးအက်စတန်က ပြောပါတယ်။
HMPV ဗိုင်းရပ်စ်ဟာ ဖျားနာမှုနဲ့ အဆုတ်ကူးစက်ရောဂါတွေ ဖြစ်စေတဲ့ ရာသီဗိုင်းရပ်စ်တစ်မျိုး ဖြစ်တဲ့ RSV ဗိုင်းရပ်စ်နဲ့ တူညီပြီး အမေရိကန်နိုင်ငံမှာ အဆိုပါဗိုင်းရပ်စ်ကြောင့် တစ်နှစ်လျင် ကလေး ငယ် ၂၀၀၀၀ ခန့် ဆေးရုံတင်ရတယ်လို့ အမေရိကန် ရောဂါထိန်းချုပ်ရေးနှင့် တားဆီးရေးဗဟိုဌာန (CDC) မှ ကူးစက်ရောဂါကာကွယ်ရေးပညာရှင် အီလင်းရှနိုက်ဒါက ပြောပါတယ်။
HMPV ဗိုင်းရပ်စ်ရဲ့ ရောဂါလက္ခဏာတွေထဲမှာ ချောင်းဆိုးခြင်၊ ဖျားနာခြင်း၊ နှာပိတ်ခြင်းနဲ့ အ သက်ရှုကျပ်ခြင်းတို့ ပါဝင်ပါတယ်။
တရုတ်နိုင်ငံမှာ အသက် ၁၄ နှစ်အောက် ကလေးငယ်များကြား HMPV ဗိုင်းရပ်စ်ကူးစက်မှု မြင့် တက်နေတယ်လို့ ကူးစက်ရောဂါထိန်းချုပ်ရေးဌာန အကြီးအကဲ ကင်ဘိုက ဒီဇင်ဘာလ ၂၇ ရက်မှာ ထုတ် ပြန်ချက်တစ်ခုအတွင်း ပြောကြားခဲ့ပါတယ်။
တရုတ်နိုင်ငံမှာ ယခုနှစ် ဆောင်းရာသီအတွင်း အသက်ရှုလမ်းကြောင်းဆိုင်ရာ ကူးစက်ရောဂါ ပျံ့ နှံ့မှုဟာ မကြာသေးမီနှစ်တွေကထက် လျှော့နည်းခဲ့တယ်လို့ China Daily သတင်းစာက ဖော်ပြပါတယ်။
ကိုးကား – Live Science
Ref; Viral disease HMPV is on the rise among kids in China — what is it?
#Ayeyarwaddy_Times