
မြိုင်-ပခုက္ကူ ကားလမ်းမှာ စစ်ကောင်စီတပ်က စေ လွှတ်ထားတဲ့ အရာရှိ ၁ ဦးကို မြိုင် PDF ကဖမ်းဆီး၊ ထွက်ပြေးလို့ပစ်သတ်
ဧရာဝတီတိုင်းမ်
သြဂုတ်လ ၂၀ ရက်
မကွေးတိုင်း၊မြိုင်မြို့နယ်၊ မြိုင်-ပခုက္ကူကားလမ်းမှာ ဒီကနေ့ ညနေ ၅ နာရီဝန်းကျင်က စစ်ကောင်စီတပ်ဖွဲ့ကစေလွှတ်လိုက်တဲ့ ထောက်လှမ်းရေး ဗိုလ် ၁ ဦးကိုဖမ်းဆီးရမိခဲ့တယ်လို့ မြိုင် PDF က ထုတ်ပြန်ပါတယ်။
ဖမ်းဆီးခံရသူဟာ စစ်ကောင်စီတပ်ရဲ့ ကရင်ပြည်နယ်၊ကြာအင်းဆိပ်ကြီးမြို့နယ်အခြေစိုက် ခလရ ၃၂ က ဗိုလ် ဆန်းဝင်းအောင်ဆိုသူ စစ်ကောင်စီတပ်ဖွဲ့ဝင်အရာရှိဖြစ်တယ်လို့ဆိုပါတယ်။
ဖမ်းဆီးထားပြီးတဲ့နောက် ခုခံထွက်ပြေးတာကြောင့် သေနတ်နဲ့ပစ်ခတ်တာမှာ အသေဖမ်းဆီးရမိခဲ့တယ်လို့ မြိုင်PDF ကထုတ်ပြန်ပါတယ်။
အဲ့ဒီစစ်ကောင်စီတပ်အရာရှိမှာပါလာတဲ့ စာရွက်စာတမ်းတွေကို မြိုင်PDFထုတ်ပြန်ချက်အရ ပြင်ဦးလွင် DSA မှာ ဘွဲ့လွန်သင်တန်းတက်ရဖို့သွား ရောက်တဲ့ စစ်ကောင်စီတပ်အရာရှိတဦးဖြစ်တယ်လို့ CDM တပ်မတော်သားတဦးက ပြောပြပါတယ်။
” အဲ့ဒီစာရွက်တွေက ခရီးသွားလာခွင့်အမိန့် MO (Movement Order)ရယ်၊ ပြင်ဦးလွင် DSA ကိုသတင်းပို့ရမယ့် အပေါ်စာရယ်၊ ရောဂါကင်းရှင်းကြောင်းနဲ့ သူလာတဲ့တပ်က ရိက္ခာစာလျှော့တယ်ဆိုတဲ့ ထောက်ခံစာ၊ ဒါပေမယ့် ရက်စွဲက ဇွန်လ ၄ ရက်ဖြစ်နေတော့ သူ့ကိုလွှတ်လိုက်တာကြာပြီ။
မသွားတာလားဘလိုလည်းတော့မသိဘူး” လို့ CDM တပ်မတော်သားတဦးက ပြောပါတယ်။
အဲ့ဒီစစ်ကောင်စီတပ်အရာရှိ ၁ ဦးနဲ့အတူ စာရွက်စာတမ်းများ၊ Gopro Hero 9 ကင်မရာ (၁)လုံးနှင့် စပ်ဆက်ပစ္စည်းများ၊ 4k video camera (၁)လုံး၊ BOYA M1 မိုက်ကရိုဖုန်း (၁)ခု၊ DJI OM4 (၁)ခု၊ Spy camera glass (၁)ခု၊ Tripod (၁)ခု၊ Gopro Hero 9/10 waterproof (၁)ခု၊ အားသွင်းကြိုးမျိုးစုံ၊ ပိုက်ဆံအိတ် (၁)အိတ်၊ ဖုန်း (၁)လုံး နှင့်
ကင်မရာစပ်ဆက်ပစ္စည်းတွေ သိမ်းဆည်းရမိခဲ့တယ်လို့ မြိုင်PDFကထုတ်ပြန်ထားပါတယ်။
#AyeyarwaddyTimes