ကလိန်အောင် – ထားဝယ်ကားလမ်းမပေါ်က မိုင်းဆွဲခံရမှုတွင် ဒုရဲအုပ် ၁ဦးနှင့် ပျူစောထီး ၁ ဦးသေဆုံး(ရုပ်/သံ)

ဇွဲနိုင်/ဧရာဝတီတိုင်းမ်

(ရေဖြူ)၊ သြဂုတ်လ ၂၀ ရက်

တနသာ်ရီတိုင်း၊ထားဝယ်ခရိုင်၊ရေဖြူမြို့နယ်၊ရေပုံးရွာနှင့်ကျောက်ရှပ်ရွာ မိုင် ၄၀ အနီးတွင် သြဂုတ်လ ၁၉ ရက် နံနက် ၉ နာရီခွဲ့ခန့်အချိန်က ကံပေါက်ဖက် ရေဖြူမြို့ဖက်သို့ ဦးတည်မောင်းနှင်လာသော ကားမိုင်းဆွဲတိုက်ခိုက်ခံခဲ့ရပါသည်။

အဆိုပါကားတွင်စစ်ကောင်စီခန့် ဒုရဲအုပ်နှင့်လုံခြုံရေးရဲတပ်ဖွဲ့အပါဝင်ပျူစောထီး နှင့်စုစုပေါင်း(၆)ဦး လိုက်ပါလာခဲ့ကြောင်း မိုင်းဆွဲတိုက်ခိုက်မှုကြောင့် ဒုရဲအုပ် တစ်ဦးအပါအဝင် ပျူစောထီး တစ်ဦး သေဆုံးပြီး လေး ဦး အပြင်းအထန်ဒဏ်ရာရရှိခဲ့သည်ဟု ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် တစ်ဦးကဆိုပါသည်။

“ကျနော်တို့ တိုက်ပွဲဖြစ်ပွားပြီး မီနစ် နှစ်ဆယ်ခန့်ကြာပြီး နောက် စစ်ကောင် စီတပ်ဖွဲ့ဝင်များ ရောက်လာပြီး လက်နက်ကြီးနဲ့ သုံးချက်ခန့် ရမ်းသမ်းပစ်ခတ်သွားတယ်”ဟု ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောပါသည်။

မိုင်းဆွဲခံရတဲ့ကားမှာ ပယကျေးရွာ မှ ပျူစောထီးခေါင်းပု ၏ ကားဖြစ်ပြီး ကားမှာ ပျက်စီးဆုံးရှုံးမှုများသဖြင့် ထိုပျူစောထီးမှ သူ၏ ကားကို ” သူပြန်မယူတော့ဘူး။ လိုချင်တဲ့သူယူကြ” ဟုပြော ပြီး လက်ရှိတွင် ကံပေါက်နယ်မြေရဲစခန်း ၌ ထားရှိထားပါကြောင်း ရဲဝန်ထမ်း တစ်ဦး၏ ပြောကြားချက်အရသိရပါသည်။

ထိုတိုက်ခိုက်မှုကိုကံပေါက်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(KBDF)နှင့်ထားဝယ်ပြည်သူ့လွတ်မြောက်ရေးတပ်အဖွဲ့(TPLF)ရဲဘော်များကအတူပူးပေါင်းပြီး မိုင်းဆွဲတိုက်ခိုက်ခဲ့ တယ်လို့ ထုတ်ပြန်ထားပါသည်။

ရုပ်သံ-(TPLF)

#Ayeyarwaddy_Times