ဧရာဝတီတိုင်းမ်
ဇန်နဝါရီ ၅ ရက်

ယူကရိန်းနိုင်ငံရဲ့ လေကြောင်းရန်ကာကွယ်ရေးစနစ် အသုံးပြုနိုင်ရေး ပံ့ပိုးကူညီကြဖို့ သမ္မတ ဇီလန်စကီးက မိတ်ဖက်နိုင်ငံတွေကို မေတ္တာရပ်ခံမှုတွေ ပြုလုပ်လိုက်ပါတယ်။

နှစ်သစ်ကူးကာလ ပထမသုံးရက်အတွင်း ရုရှားတပ်ဖွဲ့တွေဟာ ယူကရိန်းနိုင်ငံကို ဒရုန်း ၃၀၀ ကျော်၊ ဒုံးကျည် ၂၀ ခန့်နဲ့ တိုက်ခိုက်ခဲ့တယ်လို့ ဇီလန်စကီးက လူမှုကွန်ရက်မှာ ပြောကြားခဲ့ပါတယ်။

ရုရှားနိုင်ငံရဲ့ အကြမ်းဖက်မှုကြောင့် ယူကရိန်းနိုင်ငံက လေကြောင်းကာကွယ်ရေးဒုံးကျည်တွေ ပို မို လိုအပ်လာတယ်လို့ ၎င်းက ဆိုပါတယ်။

ရုရှားဟာ စနေနေ့မနက်ပိုင်းက ဒရုန်း ၈၁ စင်း လွှတ်တင်ခဲ့ရာ ၃၄ စင်းကို ပစ်ချနိုင်ခဲ့တယ်လို့ ယူ ကရိန်းလေတပ်ဖွဲ့က ပြောပါတယ်။

ယူကရိန်းနိုင်ငံအရှေ့ပိုင်း လူဟန့်ခ်ဒေသရှိ အခြေချနေရာတစ်ခုကို ရုရှားတပ်ဖွဲ့တွေက ထိန်းချုပ် နိုင်ခဲ့ပြီလို့ ရုရှား ကာကွယ်ရေးဝန်ကြီးဌာနက စနေနေ့မှာ ပြောကြားခဲ့ပါတယ်။

ယူကရိန်းနိုင်ငံက အမေရိကန် ထောက်ပံ့ပေးထားတဲ့ တာဝေးပစ်ဒုံးကျည်တွေကို ရုရှားအနောက် ပိုင်း ဘယ်လ်ဂိုရော့ဒ်မြို့ကို ပစ်ခတ်ခဲ့ပေမယ့် ဒုံးကျည်အားလုံးကို ပစ်ချခဲ့တယ်လို့ ရုရှား တာဝန်ရှိသူတွေ က သောကြာနေ့မှာ ပြောကြားခဲ့ပါတယ်။

ကိုးကား – NHK
Ref; Zelenskyy calls for resupply of Ukraine’s air defense systems

#Ayeyarwaddy_Times