
ဧရာဝတီတိုင်းမ်
ဇန်နဝါရီ ၄ ရက်
ဒေါ်လာ (၂) သန်းကျော်တန်ကြေးရှိ လက်ကိုင်အိတ် ၂၀၀ ကျော်နဲ့ ဒေါ်လာ (၅) သန်းကျော် တန် ကြေးရှိ ဇိမ်ခံနာရီ ၇၅ လုံးအပါအဝင် ပိုင်ဆိုင်မှုပစ္စည်း ဒေါ်လာ သန်း ၄၀၀ ကျော်ရှိကြောင်း ထိုင်းဝန်ကြီး ချုပ် ပေထောင်တန်ရှင်နာဝပ်ထရာက ဒီဇင်ဘာလ ၃ ရက်မှာ ကြေညာခဲ့ပါတယ်။
တယ်လီကွန်း ဘီလျှံနာနဲ့ ဝန်ကြီးချုပ်ဟောင်း သက်ဆင်ရှင်နာဝပ်ထရာရဲ့ သမီးအငယ်ဆုံး ပေ ထောင်တန်ဟာ စက်တင်ဘာလအတွင်း ဝန်ကြီးချုပ်ဖြစ်လာခဲ့ပြီး နှစ် (၂၀) အတွင်း ထိုင်းအစိုးရတစ်ရပ် ကို ဉီးဆောင်တဲ့ စတုတ္ထမြောက် ဖုထိုင်းပါတီဝင်တစ်ဉီး ဖြစ်ပါတယ်။
ပေထောင်တန်အနေနဲ့ သူ့ရဲ့ ပိုင်ဆိုင်မှုပစ္စည်းတွေကို ထိုင်း အဂတိလိုက်စားမှုတိုက်ဖျက်ရေး ကော်မရှင် (NACC) ထံ ကြေညာရတာဖြစ်ပါတယ်။
သူ့မှာ ပိုင်ဆိုင်မှုပမာဏ ဒေါ်လာ သန်း ၄၀၀နဲ့ ညီမျှတဲ့ ဘတ် ၁၃ ဒသမ ၈ ဘီလီယံရှိတယ်လို့ ကြေညာခဲ့ကြောင်း မီဒီယာဝဘ်ဆိုဒ်တွေ မှာ ဖော်ပြထားတဲ့ မှတ်တမ်းတစ်ခုအရ သိရပါတယ်။
ပေထောင်တန်ရဲ့ ရင်းနှီးမြှုပ်နှံမှုဟာ ဘတ် ၁၁ ဘီလီယံ တန်ကြေးရှိပြီး နောက်ထပ် ပိုင်ဆိုင်မှု တွေဟာ အပ်နှံငွေတွေ၊ ငွေသားတွေဖြစ်တယ်လို့ ကြေညာချက်က ဖော်ပြပါတယ်။
ပေထောင်တန်ရဲ့ ပိုင်ဆိုင်မှုတွေထဲမှာ ဘတ် ၁၆၂ သန်းတန်ကြေးရှိ နာရီ ၇၅ လုံး၊ ဘတ် ၇၆ သန်း တန်ကြေးရှိ လက်ကိုင်အိတ် ၂၁၇ လုံးအပြင် လန်ဒန်မြို့နဲ့ ဂျပန်နိုင်ငံရှိ အိမ်ခြံမြေတွေ ပါဝင်ပါတယ်။
ပေထောင်တန်မှာ အခြားစီးပွားရေးလုပ်ငန်းတွေမှာ ရင်းနှီးမြှုပ်နှံမှု ဘတ် ၅ ဘီလီယံရှိလို့ အသား တင် ကြွယ်ဝမှုဟာ ဘတ် ၈ ဒသမ ၉ ဘီလီယံအထိ ရှိတယ်လို့ NACC က ဆိုပါတယ်။
ဒေသန္တရမီဒီယာတွေ ဖော်ပြတဲ့ အချက်အလက်တွေဟာ တိကျမှုရှိတယ်လို့ အာဏာရ ဖုထိုင်းပါ တီမှ ကိုယ်စားလှယ်တစ်ဉီးက အတည်ပြုခဲ့ပါတယ်။
မန်ချက်စတာစီးတီး ဘောလုံးအသင်းကို ပိုင်ဆိုင်ဖူးတဲ့ ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင်ဟာ အသားတင်ပိုင်ဆိုင်မှု ဒေါ်လာ ၂ ဒသမ ၁ ဘီလီယံရှိရာ ထိုင်းနိုင်ငံရဲ့ ဒသမမြောက် အချမ်းသာဆုံးပုဂ္ဂိုလ် လို့ Forbes မဂ္ဂဇင်းက ဖော်ပြခဲ့ပါတယ်။
ကိုးကား – AFP
Ref; Thai PM declares millions in watches and bags among US$400 million assets
#Ayeyarwaddy_Times