
ဧရာ၀တီတိုင်းမ်
ရန်ကုန်၊ ဇန်နဝါရီ ၄ ရက်
စစ်ကောင်စီက ယနေ့ ဇန်န၀ါရီ ၄ ရက်နေ့တွင် ကျရောက်သည့် (၇၇)နှစ်မြောက် လွတ်လပ်ရေးနေ့ကို ဂုဏ်ပြုသောအားဖြင့် အကျဉ်းသား၊ အကျဉ်းသူ ၅၈၆၄ ဦးကို လွတ် ငြိမ်းသက်သာခွင့်ပေးကြောင်း ထုတ်ပြန်ထားသည်။
ထောင်ဒဏ် တစ်သက်ကျခံနေရသူ ၁၄၄ ဦးကို ၁၅ နှစ် ထောင်ဒဏ်သို့ ပြောင်းလဲခဲ့ပြီး နိုင်ငံခြားသား အကျဉ်းသား/အကျဉ်းသူ ၁၈၀ ဦးကိုလည်း ပြည်နှင်ဒဏ်ပေးကြောင်း စစ်ကောင်စီ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ထို့အပြင် လက်နက်မှု၊ လူသတ်မှု၊ ပေါက်ကွဲမှု၊ အကြမ်း ဖက်မှုများအပ ကျန်ပြစ်မှုများဖြင့် ပြစ်ဒဏ်ကျခံနေရသော အကျဉ်း သားအကျဉ်းသူအားလုံးကို ပြစ်ဒဏ် ၆ ပုံ ၁ ပုံ လျှော့ပေါ့ခွင့်ပေးလိုက်ကြောင်း သိရသည်။
ဓာတ်ပုံ – ဧရာဝတီတိုင်းမ်
#စစ်ကောင်စီ #နိုင်ငံတစ်ဝန်း #အကျဉ်းသား #၅၈၆၄ဦး #လွတ်ငြိမ်း #Ayeyarwaddy_Times