ဧရာဝတီတိုင်းမ်
ဇန်နဝါရီ ၄ ရက်

မလေးရှား ကမ်းခြေစောင့်တပ်ဖွဲ့ဟာ အနောက်မြောက်ပိုင်း ကီဒါပြည်နယ်ရှိ ကျွန်းတစ်ကျွန်းပေါ် မှာ အထောက်အထားမဲ့ မြန်မာရွှေ့ပြောင်း ၂၀၀ နီးပါးကို ဖမ်းဆီးခဲ့ပြီးနောက် ၎င်းတို့ကို သယ်ဆောင် လာတဲ့ လှေတွေကိုရှာဖို့ ကင်းလှည့်စောင့်ကြပ်မှုတွေ နှစ်ဆလုပ်နေတယ်လို့ ဇန်နဝါရီလ ၃ ရက်မှာ ပြော ကြားခဲ့ပါတယ်။

ဇန်နဝါရီလ ၃ ရက် အစောပိုင်းမှာ အပန်းဖြေစခန်း လန်ကာဝီကျွန်းပေါ် မျောပါလာတဲ့ အ ထောက်အထားမဲ့ မြန်မာရွှေ့ပြောင်း ၁၉၆ ဉီးကို ရဲတပ်ဖွဲ့က ထိန်းသိမ်းခဲ့တယ်လို့ ကမ်းခြေစောင့်တပ်ဖွဲ့ က ပြောပါတယ်။

“ကမ်းခြေစောင့်တပ်ဖွဲ့ လက်ခံရရှိခဲ့တဲ့ သတင်းအချက်အလက်တွေအပေါ် အခြေခံရရင် ပင်လယ် ပြင်မှာ အထောက်အထားမဲ့ မြန်မာရွှေ့ပြောင်းတွေကို သယ်ဆောင်လာတဲ့လှေက နှစ်စင်းကျော်ဖြစ်ပေ မယ့် အဲဒီလှေတွေရဲ့ တိကျတဲ့တည်နေရာကို မသိရသေးပါဘူး” လို့ ကမ်းခြေစောင့်တပ်ဖွဲ့က ထုတ်ပြန် ချက်တစ်ခုအတွင်း ပြောပါတယ်။

အာဏာပိုင်တွေဟာ လန်ကာဝီကျွန်း ရေပိုင်နက်နဲ့ နယ်စပ်ဧရိယာတွေမှာ ကင်းလှည့်စောင့်ကြပ် မှုတွေ ပြုလုပ်နေပြီး လှေရှိရာနေရာကို ဖော်ထုတ်ဖို့ လေကြောင်းစောင့်ကြပ်မှုပြုလုပ်ဖို့ စီစဉ်ခဲ့တယ်လို့ မ လေးရှား ကမ်းခြေစောင့်တပ်ဖွဲ့ ညွှန်ကြားရေးမှူးချုပ် မော့ဒ်ရိုစလီအဗ္ဗဒူလာက ပြောပါတယ်။

မြန်မာရွှေ့ပြောင်းတွေကို သယ်ဆောင်လာတဲ့ လှေတွေရဲ့လှုပ်ရှားမှုကို ဖော်ထုတ်ဖို့ မလေးရှား ကမ်းခြေစောင့်တပ်ဖွဲ့က ထိုင်းအာဏာပိုင်တွေနဲ့ ဆက်သွယ်နေတယ်လို့ သူက ဆိုပါတယ်။

မြန်မာနိုင်ငံမှ ရိုဟင်ဂျာဒုက္ခသည် ၂၀၀ ခန့် လန်ကာဝီကျွန်းပေါ် လှေနဲ့မျောပါလာခဲ့တယ်လို့ ဒေ သန္တရ အင်္ဂလိပ်ဘာသာနဲ့ထုတ်ဝေတဲ့ The Star က ဇန်နဝါရီလ ၃ ရက်မှာ ဖော်ပြခဲ့ပါတယ်။

မြန်မာစစ်တပ်ရဲ့ စစ်ဆင်ရေးကြောင့် ရိုဟင်ဂျာတစ်သန်းနီးပါး ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ထွက်ပြေးခဲ့ ပြီး အဆိုပါဖြစ်စဉ်ကို လူမျိုးသုဉ်းသန့်စင်မှုတစ်ခုအဖြစ် ကုလသမဂ္ဂ စုံစမ်းစစ်ဆေးရေးမှူးတွေက ညွှန်း ဆိုခဲ့ပါတယ်။

ဒုက္ခသည်အဆင့်အတန်းကို အသိအမှတ်မပြုတဲ့ မလေးရှားနိုင်ငံဟာ မြန်မာနိုင်ငံမှ သို့မဟုတ် ဘင်္ဂလားဒေ့ရှ်နိုင်ငံရှိ ဒုက္ခသည်စခန်းတွေမှ ရိုဟင်ဂျာတွေအတွက် ဉီးစားပေးနေရာတစ်ခု ဖြစ်ခဲ့ပါတယ်။

မကြာသေးမီနှစ်တွေအတွင်း မလေးရှားနိုင်ငံဟာ ရိုဟင်ဂျာတွေ သယ်ဆောင်လာတဲ့လှေတွေကို မောင်းထုတ်ကာ အထောက်အထားမဲ့ ရွှေ့ပြောင်းတွေကို နှိမ်နင်းမှုအဖြစ် လူပြွတ်သိပ်နေတဲ့ ထိန်းသိမ်း ရေးစခန်းတွေမှာ ထောင်ချီကို ဖမ်းဆီးခဲ့ပါတယ်။

၂၀၁၀ ပြည့်နှစ်မှ ၂၀၂၄ ခုနှစ်အတွင်း မလေးရှား အာဏာပိုင်တွေဟာ တိုင်းပြည်တွင်းသို့ ပင် လယ်ပြင်မှ ဝင်ရောက်ဖို့ကြိုးပမ်းတဲ့ အထောက်အထားမဲ့ မြန်မာရွှေ့ပြောင်း ၂၀၈၉ ဉီးကို ဖမ်းဆီးခဲ့တယ် လို့ ကမ်းခြေစောင့်တပ်ဖွဲ့က ပြောပါတယ်။

ကိုးကား – Reuters
Ref; Malaysia doubles patrols to find Myanmar migrant boats after nearly 200 detained

#Ayeyarwaddy_Times