
ဧရာဝတီတိုင်းမ်
ဇန်နဝါရီ ၃ ရက်
အစ္စရေးနိုင်ငံက နေရပ်စွန့်ခွာပြည်သူတွေကို လက်ခံထားရာ လူသားချင်းစာနာမှုဇုန်တစ်ခု အပါ အဝင် ဂါဇာရေလက်ကြားတစ်လျှောက် လေကြောင်းတိုက်ခိုက်မှုတွေ လုပ်ဆောင်ခဲ့ရာ လူ ၄၃ ဦးထက်မနည်း သေဆုံးခဲ့ပါတယ်။
ဂါဇာတောင်ပိုင်းရှိ လူသားချင်းစာနာမှုဇုန်တစ်ခုအပေါ် ထောက်လှမ်းရေးသတင်းကို အခြေခံပြီး လေကြောင်းတိုက်ခိုက်မှုတစ်ခု ပြုလုပ်ခဲ့တယ်လို့ အစ္စရေးစစ်တပ်က ကြာသပတေးနေ့မှာ ပြောကြားခဲ့ပါ တယ်။
တိုက်ခိုက်မှုကြောင့် နယ်မြေအတွင်း ပြည်သူတွေကို အကြမ်းဖက် စစ်ကြောရေးတွေ လုပ်ဆောင် ခဲ့တဲ့ ဟားမာစ်အဖွဲ့ရဲ့ အကြီးအကဲတစ်ဉီး သေဆုံးခဲ့တယ်လို့ အစ္စရေးစစ်တပ်က ပြောပါတယ်။
အရပ်သားတွေကို ထိခိုက်မှုအန္တရာယ်နည်းပါးစေမယ့် အစီအစဉ်များစွာ လုပ်ဆောင်ခဲ့တယ်လို့ အစ္စရေးစစ်တပ်က ဆိုပါတယ်။
လူသားချင်းစာနာမှုဇုန်တစ်ခုအပေါ် တိုက်ခိုက်မှုကြောင့် အမျိုးသမီးနဲ့ ကလေးငယ်တွေအပါအ ဝင် လူ (၁၁) ဉီး သေဆုံးခဲ့တယ်လို့ ကျန်းမာရေးဝန်ထမ်းတွေက ပြောပါတယ်။
ခန်းယူနစ်မြို့ကို လေကြောင်းတိုက်ခိုက်မှုကြောင့် ဒေသန္တရအာဏာပိုင်တွေ နေထိုင်ရာ အ ဆောက်အအုံတစ်လုံး ပျက်စီးခဲ့ပါတယ်။
ဂါဇာဒေသ အပစ်အခတ်ရပ်စဲရေး စေ့စပ်ညိှနှိုင်းမှုတွေ ရှေ့ဆက်ဆွေးနွေးဖို့ ဟားမာစ်ကိုယ်စား လှယ်အဖွဲ့ဟာ ဗုဒ္ဓဟူးနေ့က အီဂျစ်နိုင်ငံသို့ သွားရောက်ခဲ့တယ်လို့ အာရပ်မီဒီယာတစ်ခုက ပြောပါတယ်။
အီဂျစ်ဟာ အစ္စရေးနဲ့ဟားမာစ်အဖွဲ့ကြား ဆွေးနွေးမှုတွေကို အကျိုးဆောင်ပေးတဲ့ တိုင်းပြည် တစ်ခုဖြစ်ပါတယ်။
အပစ်အခတ်ရပ်စဲရေး ဆွေးနွေးမှုတွေဟာ ပြီးခဲ့တဲ့ရက်ပိုင်းအတွင်း ချောင်ပိတ်မိခဲ့တယ်လို့ အမေ ရိကန်သတင်းစာတစ်စောင်က အာရပ်စေ့စပ်ညှိနှိုင်းရေးမှူးတစ်ဉီးကို ကိုးကားပြီး ပြောပါတယ်။
ကိုးကား – NHK
Ref; Israeli strikes across Gaza Strip reportedly kill at least 43
#Ayeyarwaddy_Times