ဧရာဝတီတိုင်းမ်
ဇန်နဝါရီ ၃ ရက်

ဖိလစ်ပိုင်နိုင်ငံအလယ်ပိုင်း ရေပိုင်နက်အတွင်း တရုတ်နိုင်ငံမှလို့ယူဆရတဲ့ ရေအောက်ဒရုန်းတစ် စင်းကို ပြန်ရခဲ့တယ်လို့ ရဲတပ်ဖွဲ့က ဇန်နဝါရီလ ၂ ရက်မှာ ပြောကြားခဲ့ပြီး အမျိုးသားလုံခြုံရေးအတွက် ဂ ယက်ရိုက်ခတ်မှုတွေရှိလာနိုင်တယ်လို့ သတိပေးလိုက်ပါတယ်။

တံငါသည် (၃) ဉီးက တနင်္လာနေ့မှာ Masbate ပြည်နယ်၊ ဆန်ပတ်စ်ချူရယ်ကမ်းလွန် ၉ ကီလိုမီ တာဝန်းကျင်မှာ ဒရုန်းကို တွေ့ရှိခဲ့တာပါ။

တောင်တရုတ်ပင်လယ်အတွင်း ပင်လယ်ရေကြောင်း အခွင့်အရေးတွေအပြင် သန္တာကျောက် တန်းတွေ၊ ကျွန်းစုတွေ ပိုင်ဆိုင်မှုနဲ့ပတ်သက်လို့ ဖိလစ်ပိုင်နဲ့တရုတ်ကြား နှစ်နဲ့ချီ အငြင်းပွားခဲ့တာပါ။

တရုတ်နိုင်ငံက တောင်တရုတ်ပင်လယ်တစ်ခုလုံးကို ပိုင်ဆိုင်တယ်လို့ ဆိုထားပြီး အခြားတိုင်း ပြည်တွေရဲ့ တောင်းဆိုချက်တွေနဲ့ အပြည်ပြည်ဆိုင်ရာ ဆုံးဖြတ်ချက်ဟာ အခြေအမြစ်မရှိဟုဆိုကာ ပယ ချခဲ့ပါတယ်။

ပင်လယ်ပြင်မှာ မျောပါနေတဲ့ HY-119 ဒရုန်းကို အာဏာပိုင်တွေထံ လွှဲမပြောင်းမီ တွေ့ရှိခဲ့တာ လို့ ရဲတပ်ဖွဲ့ အကြီးအကဲ အန်ဒရေဒီဇွန်က ပြောပါတယ်။ အဆိုပါဒရုန်းဟာ အလျား ၂ မီတာခန့်နဲ့ တော် ပီဒိုပုံစံ ရေဘယက်တွေ ပါရှိပါတယ်။

“အင်တာနက်မှာ တွေ့ရှိခဲ့တဲ့ သုတေသန အရင်းအမြ်စ်တွေအရ HY-119 ဆိုတာ တရုတ် ရေ အောက်ဒရုန်းတစ်ခုကို ရည်ညွှန်းပါတယ်” လို့ အန်ဒရေဒီဇွန်က ဆိုပါတယ်။ “ဒီဒရုန်းမှာ အင်တင်နာတစ် ခု ပါရှိပြီး စောင့်ကြည့်တာနဲ့ ကင်းထောက်တာမှာ အသုံးပြုနိုင်ပါတယ်” လို့ သူက ရှင်းပြပါတယ်။

ဒရုန်းမှာ လက်နက်မတပ်ဆင်ထားဘဲ ရဲတပ်ဖွဲ့က အင်္ဂါနေ့မှာ ဖိလစ်ပိုင်ရေတပ်ထံ လွှဲပြောင်း ပေးခဲ့တယ်လို့ ၎င်းက ဆက်ပြောပါတယ်။

ကိုးကား – AFP
Ref; Philippines recovers suspected Chinese submarine drone

#Ayeyarwaddy_Times