
ဧရာဝတီတိုင်းမ်
ဇန်နဝါရီ ၃ ရက်
ယူကရိန်းစစ်ပွဲမှာ တိုက်ခိုက်ဖို့ ရုရှားသို့ စေလွှတ်ထားတဲ့ မြောက်ကိုရီးယားစစ်သားတွေရဲ့စိတ် ဓာတ် ဆိုးရွားလာနေပြီး အချို့က နှစ်သစ်ကူးအကြိုမှာ အရက် အလွန်အကျွံသောက်ကာ ထိခိုက်သေ ကျေမှု မြင့်မားနေတယ်လို့ ယူကရိန်းမီဒီယာတွေက ဖော်ပြပါတယ်။
“မြောက်ကိုရီးယားစစ်သားတွေ စိတ်ဓာတ်ကျဆင်းနေပါပြီ” လို့ ယူကရိန်းစစ်တပ်ရဲ့ ထောက် လှမ်းရေးဌာနကို ကိုးကားပြီး ယူကရိန်းမီဒီယာတွေက ဖော်ပြပါတယ်။
ရုရှားတပ်မှူးတွေက မြောက်ကိုရီးယားစစ်သားတွေ ထိခိုက်သေကျေမှု မြင့်မားတာကို လျှော့ တွက်ကာ အထက်အရာရှိတွေထံ သတင်းမှားတွေ တင်ပြတယ်လို့ ယူကရိန်း ထောက်လှမ်းရေးဌာနက ဆိုပါတယ်။
တပ်ဖွဲ့ဝင်တွေ ထိခိုက်သေကျေမှု မြင့်မားရတဲ့အကြောင်းရင်းကို စုံစမ်းစစ်ဆေးဖို့ အဆင့်မြင့် မြောက်ကိုရီးယားစစ်ဘက်အရာရှိတစ်ဉီးကို ရုရှားနိုင်ငံ၊ ကာတ်စ်ဒေသသို့ စေလွှတ်ခဲ့တယ်လို့ ယူကရိန်းမီ ဒီယာတွေက ဒီဇင်ဘာလ ၂၇ ရက်မှာ ဖော်ပြခဲ့ပါတယ်။
ကာတ်စ်ဒေသမှာ မြောက်ကိုရီးယားစစ်သည် ၃၀၀၀ ကျော် ကျဆုံး သို့မဟုတ် ဒဏ်ရာရရှိခဲ့တယ် လို့ ယူကရိန်းသမ္မတ ဇီလန်စကီးက ဒီဇင်ဘာလ ၂၃ ရက်မှာ ပြောကြားခဲ့ပါတယ်။
ပြီးခဲ့တဲ့တစ်ပတ်အတွင်း မြောက်ကိုရီးယားစစ်သည် ၁၀၀၀ ကျော် ကျဆုံး သို့မဟုတ် ဒဏ်ရာရရှိ ခဲ့တယ်လို့ အိမ်ဖြူတော်က ဒီဇင်ဘာလ ၂၇ ရက်မှ အတည်ပြုခဲ့ပါတယ်။
ရုရှားစစ်တပ်က မြောက်ကိုရီးယားတပ်ဖွဲ့ဝင်တွေ ထိခိုက်သေကျေတဲ့အရအတွက်ကို ဖုံးကွယ် ကာ တပ်ဖွဲ့ဝင်တွေ ထပ်မံစေလွှတ်ဖို့ ဆက်လက်လုပ်ဆောင်နေပါတယ်။
ထပ်မံရောက်ရှိလာတဲ့ မြောက်ကိုရီးယားတပ်ဖွဲ့ဝင်တွေကို ကာတ်စ်ဒေသရှိ စစ်ဘက်အခြေစိုက် စခန်းတွေသို့ စေလွှတ်ခဲ့တယ်လို့ ယူကရိန်း ဒေသန္တရမီဒီယာတွေက ဖော်ပြပါတယ်။
ကိုးကား – Korea JoongAng Daily
Ref; North Korean troops deployed to Russia suffering low morale and mass casualties, reports say
#Ayeyarwaddy_Times