
ဧရာဝတီတိုင်းမ်
ဇန်နဝါရီ ၂ ရက်
ဒီဇင်ဘာလ ၃၁ ရက်က ယူကရိန်းရဲ့ ဒရုန်းတိုက်ခိုက်မှုကြောင့် Mi-8 ရဟတ်ယာဉ်နှစ်စင်းနဲ့ အမှု ထမ်းတွေ ဆုံးရှုံးခဲ့ရတယ်လို့ ရုရှားစစ်တပ်လော်ဘီတွေက အတည်ပြုခဲ့ပါတယ်။
ရဟတ်ယာဉ်နှစ်စင်းဟာ ခရိုင်းမီးယားကျွန်းဆွယ်၊ Cape Tarkhankut အနီး တိုက်ခိုက်မှု စစ်ဆင် ရေးတစ်ခုအတွင်း MAGURA V5 လို့ခေါ်တဲ့ ယူကရိန်းဒရုန်းတစ်စင်းမှ ပစ်လွှတ်တဲ့ ဒုံးကျည်တွေ ထိမှန် ခဲ့တာပါ။
ဒရုန်းတိုက်ခိုက်မှုကြောင့် ရုရှားရဟတ်ယာဉ်နှစ်စင်း ဆုံးရှုံးသွားခဲ့တာကို ကနဉီးမှာ ယူကရိန်း ထောက်လှမ်းရေးအဖွဲ့က ထုတ်ပြန်ခဲ့ပေမယ့် နောက်ပိုင်းမှာ ရုရှားသတင်းရင်းမြစ်တွေက အတည်ပြုခဲ့ပါ တယ်။
ရဟတ်ယာဉ်တစ်စင်းကို ဖျက်ဆီးခဲ့ပြီး နောက်ထပ်တစ်စင်း ပျက်စီးမှုဖြစ်ခဲ့ပေမယ့် လေတပ်အ ခြေစိုက်စခန်းကို ပြန်သွားခဲ့တယ်လို့ ယူကရိန်းနိုင်ငံက ပြောပါတယ်။ ရဟတ်ယာဉ်နှစ်စင်းလုံးကို ဆုံးရှုံးခဲ့ တယ်လို့ ရုရှားသတင်းရင်းမြစ်တွေက ဆိုပါတယ်။
ယူကရိန်း အထူးတပ်ဖွဲ့မှ စေလွှတ်ခဲ့တဲ့ MAGURA V5 ဟာ ဒုံးကျည်စနစ်တွေ တပ်ဆင်ထားတဲ့ ခေတ်မီ ရေကြောင်းတပ်ဖွဲ့သုံး ဒရုန်းတစ်မျိုးဖြစ်ပါတယ်။
ယခုတိုက်ခိုက်မှုဟာ ဝေဟင်ပစ်မှတ်တွေကို အောင်မြင်စွာ ပစ်ချနိုင်ခဲ့တဲ့ ပထမဆုံးသော အတည် ပြုနိုင်တဲ့ ဖြစ်စဉ်တစ်ခုဖြစ်ပြီး ခေတ်သစ်စစ်ပွဲမှာ ပြောင်းလဲမှုအခိုက်အတန့်တစ်ခု ဖြစ်လာပါတယ်။
Mi-8 ရဟတ်ယာဉ်တွေ ဆုံးရှုံးမှုဖြစ်စဉ်ကို ဒရုန်းတွေကိုတန်ပြန်တဲ့ နည်းဗျူဟာတွေကျင့်သုံးရင်း ရှောင်ရှားနိုင်တယ်လို့ ရုရှား လေကြောင်းဆိုင်ရာ ကျွမ်းကျင်သူတွေက ပြောပါတယ်။
ယူကရိန်းက သမားရိုးကျ အကြီးစားစစ်လက်နက်တွေကို တန်ပြန်ဖို့ ခေတ်မီ ဒရုန်းနည်းပညာ တွေကို ပိုမို မှီခိုလာတာကို ယခုဖြစ်စဉ်က မီးမောင်းထိုးပြပါတယ်။
ပင်လယ်နက်လိုမျိုး အငြင်းပွားဇုန်တွေမှာ သမားရိုးကျ လေကြောင်းနဲ့ ရေကြောင်းအင်အားသာ လွန်မှုကို စိန်ခေါ်နိုင်တဲ့ အလားအလာကို ယူကရိန်းနိုင်ငံက ပြသခဲ့တာလည်းဖြစ်ပါတယ်။
ကိုးကား – Defence Blog
Ref; Russia confirms loss of two Mi-8s in drone strike
#Ayeyarwaddy_Times