ဧရာဝတီတိုင်းမ်
ဇန်နဝါရီ ၂ ရက်

ထိုင်ဝမ်က စစ်ရေးအသုံးစရိတ် တိုးမြှင့်ကာ ကိုယ့်ကိုယ်ကို ကာကွယ်ဖို့ စိတ်ပိုင်းဖြတ်ထားမှုကို ပြ သရမယ်လို့ နှစ်သစ်ကူးမိန့်ခွန်းအတွင်း ထိုင်ဝမ်သမ္မတ လိုင်ချင်တေးက ပြောပါတယ်။

ထိုင်ဝမ်ဟာ တရုတ်နိုင်ငံရဲ့ ကျူးကျော်သိမ်းပိုက်မယ့် စဉ်ဆက်မပြတ် ခြိမ်းခြောက်မှုကို ရင်ဆိုင် နေရပါတယ်။ ထိုင်ဝမ်ဟာ လက်အောက်ခံပြည်နယ်ဖြစ်ပြီး အင်အားသုံး သိမ်းပိုက်မယ်လို့ တရုတ်နိုင်ငံ က ပြောဆိုထားပါတယ်။

“ထိုင်ဝမ်ဟာ ငြိမ်းချမ်နေချိန်မှာ အန္တရာယ်အတွက် ပြင်ဆင်ရမှာဖြစ်ပြီး ကာကွယ်ရေးဘတ်ဂျက် တိုးမြှင့်ကာ ကာကွယ်ရေးစွမ်းရည်တွေ မြှင့်တင်ပြီး ကိုယ့်ကိုယ်ကို ကာကွယ်ဖို့ စိတ်ပိုင်းဖြတ်ထားမှုကို ပြ သရမယ်လို့ သမ္မတရုံးမှာ သတင်းထောက်တွေရှေ့မှောက် ပြောကြားခဲ့တဲ့မိန့်ခွန်းအတွင်း သူက ဆိုပါ တယ်။

ထိုင်ဝမ်က အချုပ်အခြာအာဏာပိုင်တိုင်းပြည်တစ်ခုလို့ သတ်မှတ်ထားပေမယ့် အမေရိကန် အပါ အဝင် တိုင်းပြည်အများစုက တရုတ်ကြောင့် ထိုင်ဝမ်နဲ့ သံတမန်ဆက်ဆံရေး ဖြတ်တောက်ထားခဲ့ပါ တယ်။

သို့သော်လည်း ကမ္ဘာ့အစိုးရများစွာဟာ တစ်ပိုင်းလျှပ်ကူးလုပ်ငန်းမှာ အင်အားကြီးမားလာတဲ့ ထိုင်ဝမ်နဲ့ အလွတ်သဘောဆက်ဆံမှု ရှိနေပါတယ်။

ထိုင်ဝမ်ဟာ အမေရိကန်နိုင်ငံက ကာကွယ်စရိတ် ပေးသင့်တယ်လို့ ရွေးကောက်ခံသမ္မတ ဒေါ် နယ်ထရမ့်က ပြောကြားခဲ့ပြီး ထိုင်ဝမ်ဟာ အမေရိကန်ချပ်ပြားလုပ်ငန်းကို ခိုးယူတယ်လို့ စွပ်စွဲခဲ့ပါတယ်။

ထိုင်ဝမ်ဟာ မကြာသေးမီနှစ်တွေအတွင်း စစ်ရေးအသုံးစရိတ် တိုးမြှင့်ခဲ့ပေမယ့် တရုတ်နိုင်ငံရဲ့ ရန်ကြောင့် လူဉီးရေ ၂၃ သန်းနေထိုင်ရာ ထိုင်ဝမ်ဟာ အမေရိကန်ရဲ့ စစ်လက်နက်အကူအညီပေါ်မှာ ကြီး မားစွာ မှီခိုနေရပါတယ်။

စံချိန်တင် ကာကွယ်ရေးဘတ်ဂျက်ပါဝင်တဲ့ အစိုးရဘတ်ဂျက်ကို အတိုက်အခံပါတီတွေ ထိန်းချုပ် ထားရာ လွှတ်တော်မှတစ်ဆင့် တွန်းအားပေးဖို့ လိုင်ချင်တေးက ရုန်းကန်နေရပါတယ်။

ထိုင်ဝမ်ရဲ့ ဒီမိုကရေစီနဲ့ လုံခြုံရေးကို ကာကွယ်စောင့်ရှောက်ဖို့က လူတိုင်းရဲ့တာဝန်လို့ မိန့်ခွန်း မှာ ၎င်းက ထည့်သွင်းပြောဆိုခဲ့ပါတယ်။

ထိုင်ဝမ်နဲ့ ပြန်လည်ပေါင်းစည်းမှုကို ဘယ်သူကမှ မဟန့်တားနိုင်ဘူးလို့ တရုတ်သမ္မတ ရှီကျင့် ဖျင်က နှစ်သစ်ကူးမိန့်ခွန်းမှာ ပြောဆိုခဲ့ပါတယ်။

ကိုးကား – AFP
Ref; Taiwan’s Lai says island must show ‘determination’ to defend itself

#Ayeyarwaddy_Times