ဧရာဝတီတိုင်းမ်
ဇန်နဝါရီ ၂ ရက်

ဧရာ၀တီတိုင်း၊ပုသိမ်မြို့နယ် ၊ရှောပြာကျေးရွာအုပ်စုရှိ ရွာများတွင် အုပ်ချုပ်ရေးမှူးမှ စစ်မှုထမ်းအပါတ်စဉ်တိုင်းတွင်အစားထိုးလငှါးရန်ဟုဆိုကာ ကျပ်သိန်း ၁၀၀ ကောက်ယူနေသောကြောင့် ဒေသခံများအခက်အခဲကြုံနေရသည်ဟု ဆိုသည်။

ရှောပြာကျေးရွာအုပ်စုရှိ ဖိုးကုန်း၊ ကလပ်ချီ၊ ဥယျဥ်ချောင်း ၊လှေလွင်တောင် ၊အိုးဘိုးကုန်း၊ ထိန်းတောကုန်း ၊မကျီးပင်ကုန်းစသည့်ကျေးရွာများမှ နေအိမ်များကို ဒီဇင်ဘာ နောက်ဆုံးပါတ်မှစတင်ပြီး အုပ်ချုပ်ရေးမှူး ဦးဝိုင်းကြီးမှ စစ်မှုထမ်းသင်တန်းလူငှါးရန်အတွက် ငွေ ကျပ်သိန်း ၁၀၀ ပြည့်အောင်ထည့်ခိုင်းနေကြောင်း သိရှိရသည်။

“ကုန်ဈေးနူန်းတွေတက်ပြီး အလုပ်အကိုင်တွေမကောင်းလို့ အဆင်မပြေကြတဲ့အထဲမှာ စစ်မှုထမ်းမပါဖို့ အုပ်ချုပ်ရေးမှူး တောင်းသလောက်ထည့်နေရတယ်။ ငွေထည့်ရတာ ခုနှစ်ကြိမ်ရှိပါပြီ” ဟု ဒေသခံတစ်ဦးမှဧရာ၀တီတိုင်းမ်ကို ပြောသည်။

လက်ရှိတွင် ကျေးရွာအုပ်စုတွင်းရှိ နေအိမ်များ ကို တစ်အိမ်လျှင် သုံးသောင်းကျပ်နှုန်းထည့်၀င်ရပြီး၊ နိုင်ငံခြားတွင်အလုပ်လုပ်ရန် ထွက်သွားသည့် လူငယ်ရှိသည့်နေအိမ်များကို ငါးသောင်းကျပ်နှုန်း လစဥ်ကောက်ခံနေကြောင်း သိရှိရသည်။

ဧရာ၀တီတိုင်း အတွင်းရှိ မြို့နယ်များတွင် ရပ်ကွက်၊ကျေးရွာ အုပ်ချုပ်ရေးမှူးများမှ စစ်ကောင်စီ၏ စစ်မှုထမ်းဥပဒေကို အသုံးပြုပြီး စိတ်ထင်သလိုငွေတောင်းခံခြင်း၊ မဲပေါက်သည်ဟုဆိုကာ သင်တန်းသို့စေလွှတ်ခြင်းများ လုပ်ဆောင်နေကြကြောင်း ဒေသခံများထံမှ သိရှိရသည်။

#ပုသိမ်မြို့နယ် #ကျေးရွာအချို့တွင် #စစ်မှုထမ်းအတွက် #လူငှါးရန် #ကျပ်သိန်း၁၀၀ကောက်ခံ #Ayeyarwaddy_Times