
ယူကရိန်းသို့ ထပ်တိုး စစ်ရေးအကူအညီ ဒေါ်လာ ၇၇၅ သန်း ပေးမယ်လို့ အမေရိကန် ကြေညာ
ဧရာဝတီတိုင်းမ်
သြဂုတ်လ ၂၀ ရက်
ယူကရိန်းသို့ ထပ်တိုး စစ်ရေးအကူအညီ ဒေါ်လာ ၇၇၅ သန်း ကူညီမယ်လို့ အမေရိကန်အစိုးရက ကြေ ညာလိုက်ပါတယ်။
အမေရိကန်နိုင်ငံက ယူကရိန်းသို့ပေးအပ်မယ့် စစ်ရေးအကူအညီထဲမှာ HIMARS ဒုံးပစ်စနစ်တွေ၊ ဟောင် ဝှစ်ဇာအမြောက် ၁၆ လက်နှင့် အမြောက်ကျည် ၃၆၀၀၀၊ ရေဒါစနစ်ဖျက်ဒုံးကျည်တွေ ပါဝင်မယ်လို့ တာဝန်ရှိသူ တွေက ပြောပါတယ်။
“ယူကရိန်းစစ်တပ်နဲ့ ပြည်သူတွေရဲ့ သတ္တိနဲ့အင်အားက မယုံကြည်နိုင်စရာဖြစ်ပြီး အမေရိကန်နိုင်ငံက ယူ ကရိန်းနိုင်ငံထံ စစ်လက်နက်တွေ ဆက်လက်ထောက်ပံ့မှာဖြစ်ပါတယ်” လို့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး အန် တိုနီဘလင်ကန်က ပြောကြားတယ်။
စစ်လက်နက်တွေကူညီဖို့ ဆုံးဖြတ်ချက်အတွက် အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်ကို ကျေးဇူးတင်ရှိပြီး ကျူး ကျော်သူကိုဖြိုခွင်းဖို့ နောက်ထပ် အရေးပါတဲ့ခြေလှမ်း လုပ်ဆောင်နိုင်ခဲ့ပြီလို့ ယူကရိန်းသမ္မတ ဇီလန်စကီးက ပြော ပါတယ်။
ရုရှားတပ်ဖွဲ့တွေရဲ့ ထိန်းချုပ်မှုအောက် ရောက်ရှိနေတဲ့ ယူကရိန်းနိုင်ငံ အရှေ့တောင်ပိုင်းက ဇာပိုရီဇီယာ နျူကလီးယားစက်ရုံမှာ ယခုလစောပိုင်းကတည်းက အမြောက်ကြီးများ ပစ်ခတ်မှုကို ခံနေရပါတယ်။
ယူကရိန်းနဲ့ရုရှားက တိုက်ခိုက်မှုတွေလုပ်နေကြတာလို့ အပြန်အလှန် စွပ်စွဲနေကြပါတယ်။ အဲဒီ နျူကလီး ယားစက်ရုံ ဘေးအန္တရာယ်ကင်းရေး မစ်ရှင်တစ်ခုနဲ့ဆောင်ရွက်ဖို့ အပြည်ပြည်ဆိုင်ရာ အဏုမြူစွမ်းအင်အေဂျင်စီ (IAEA) က တောင်းဆိုနေပါတယ်။
ယူကရိန်းသံတမန်တွေ၊ မိတ်ဖက်တွေ၊ ကုလသမဂ္ဂ ကိုယ်စားလှယ်တွေနဲ့ IAEA တာဝန်ရှိသူတွေက မစ်ရှင် ကို အသေးစိတ် ဆောင်ရွက်နေတယ်လို့ ရုပ်သံမိန့်ခွန်းတစ်ခုအတွင်း ဇီလန်စကီးက ပြောပါတယ်။
ကိုးကား – NHK
Ref; US announces $775-million additional military assistance for Ukraine