ဧရာဝတီတိုင်းမ်
ဇန်နဝါရီ ၂ ရက်

အလွန်သေးငယ်သော ဘော်လ်ကန်တိုင်းပြည်တစ်ခုဖြစ်တဲ့ မွန်တီနီဂရိုးနိုင်ငံမှာ ဗုဒ္ဓဟူးနေ့က သေနတ်ပစ်ခတ်မှုတစ်ခု ဖြစ်ပွားခဲ့ရာ လူ (၁၀) ဦး သေဆုံးခဲ့တယ်လို့ သိရပါတယ်။

လူတစ်ဦးဟာ ဗုဒ္ဓဟူးနေ့ နေ့လည်ပိုင်းမှာ မွန်တီနီဂရိုးနိုင်ငံအနောက်ပိုင်း မြို့ငယ်လေးတစ်မြို့ ရှိ စားသောက်ဆိုင်တစ်ခုမှာ သေနတ်ပစ်ခတ်ခဲ့တာလို့ မီဒီယာတွေက ဖော်ပြပါတယ်။

အဆိုပါပုဂ္ဂိုလ်က နေရာ (၃) ခုမှာ လျှောက်သွားပြီး သေနတ်ပစ်ခတ်ခဲ့တာဖြစ်ပြီး သေဆုံးသူတွေ ထဲမှာ ဘားပိုင်ရှင်တစ်ဉီးနဲ့ ကလေးနှစ်ယောက်ဖခင်တို့လည်း ပါဝင်ကာ လူ (၄) ဦး ပြင်းထန်စွာ ဒဏ်ရာ ရရှိခဲ့ပါတယ်။

အခင်းဖြစ်ရာနေရာမှ ထွက်ပြေးခဲ့တဲ့ အသက် ၄၅ နှစ်အရွယ် တိုက်ခိုက်သူဟာ ရဲတပ်ဖွဲ့ရဲ့ ချောင် ပိတ်မိပြီးနောက် သူ့ရဲ့နေအိမ်အနီးမှာ သတ်သေဖို့ ကြိုးစားခဲ့ပြီး နောက်ပိုင်းမှာ သေဆုံးသွားခဲ့ပါတယ်။

သေနတ်ပစ်ခတ်မှု ဖြစ်ပွားရတဲ့အကြောင်းရင်းကို ရှင်းလင်းစွာ မသိရသေးပါဘူး။ သေနတ်သမား လို့ သံသယရှိသူဟာ အရက် အလွန်အကျွံ သောက်ခဲ့ပြီး ပစ်ခတ်မှုမဖြစ်မီ ရန်ဖြစ်ခဲ့တယ်လို့ ရဲတပ်ဖွဲ့က ယူဆခဲ့ပါတယ်။

ယခုဖြစ်စဉ်ဟာ မွန်တီနီဂရိုးနိုင်ငံမှာ လွန်ခဲ့သော (၃) နှစ်အတွင်း ဒုတိယမြောက် သေနတ်ပစ် ခတ်မှု ဖြစ်ပါတယ်။ ၂၀၂၂ ခုနှစ်မှာ လူတစ်ဉီးဟာ ကလေးငယ်နှစ်ဉီး အပါအဝင် လူ (၁၀) ဉီးကို ပစ်သတ် ခဲ့ပြီး ၎င်းကိုယ်တိုင်လည်း လမ်းသွာလမ်းလာတစ်ဦးရဲ့ ပစ်သတ်ခြင်းခံခဲ့ရပါတယ်။

အာဏာပိုင်တွေက သေနတ်ပိုင်ဆိုင်မှုနဲ့ သယ်ဆောင်မှု စံနှုန်းတွေတင်းကျပ်ဖို့ စဉ်းစားမယ်လို့ မွန်တီနီဂရိုးဝန်ကြီးချုပ် မိုင်လိုကိုစပါဂျစ်က ပြောပါတယ်။

သေနတ်ပစ်ခတ်မှုဖြစ်စဉ်ကြောင့် တုန်လှုပ်ခဲ့ရပြီး အပြစ်မဲ့သူတွေ အသက်ဆုံးရှုံးရမှုအတွက် စိတ် မကောင်းဖြစ်ရတယ်လို့ မွန်တီနီဂရိုးသမ္မတ ဂျာကော့ဗ်မီလာတိုဗစ်က လူမှုကွန်ရက်မှာ ပြောကြားခဲ့ပါ တယ်။

ကိုးကား – NHK
Ref; Montenegro mass shooting kills 10 people, including 2 children

#Ayeyarwaddy_Times