ဧရာဝတီတိုင်းမ်
ဇန်နဝါရီ ၃ ရက်

ဧရာဝတီတိုင်း၊ ရေကြည်မြို့နယ်၊ ငါးသိုင်းချောင်းမြို့နှင့် မိုင် ၃၁ မိုင်အကွာရှိ ဧရာဝတီတိုင်းနှင့် ရခိုင်ပြည်နယ် နယ်ခြားစစ်ဆေးရေးဂိတ်ဖြစ်သည့် ဗေဒါစစ်ဆေးရေးဂိတ်ကို AA နှင့်ပူးပေါင်းအဖွဲ့များက ဇန်နဝါရီလ ၂ ရက်နေ့ နေ့လည်ပိုင်းကစတင်ကာ ဝင်ရောက်တိုက်ခိုက်နေကြောင်း သိရသည်။

ငါးသိုင်းချောင်း-ဂွလမ်းပေါ်ရှိ စစ်ကောင်စီ၏ ဗေဒါစစ်ဆေးရေးဂိတ်ကို AA ကတိုက်ခိုက်နေပြီး ဧရာဝတီတိုင်းအတွင်းမှ စစ်ကူတက်လာသည့် စစ်ကောင်စီတပ်ဖွဲ့ကိုလည်း ကြား ဖြတ်တိုက်ခိုက်ထားကြောင်း သိရသည်။

“ဗေဒါကို တစ်ဖွဲ့ကတိုက်နေတယ်။ တစ်ဖွဲ့က ဗေဒါနဲ့ အမြောက်တပ် ၃၄၄ ကြားမှာ စစ်ကူကိုဖြတ်တိုက်နေ တယ်”ဟု စစ်ရေးသတင်းရင်းမြစ်ထံမှ သိရသည်။

ဗေဒါစစ်ဆေးရေးဂိတ်တွင် ဖြစ်ပွားနေသည့်တိုက်ပွဲမှာ ပြင်းထန်နေပြီး စစ်ကောင်စီဘက်မှ ထိခိုက်သေဆုံးမှု များသည့်အတွက် ရေနံ့သာဂိတ်မှ အရပ်သားကားများ ကိုပါ ယနေ့နေ့လည်တွင် ခြိမ်းခြောက်ခေါ်ဆောင်သွား ပြီး ဒဏ်ရာရရှိသူများကို စစ်ကောင်စီက သွားရောက် ခေါ်ဆောင်ခဲ့ကြောင်း သိရသည်။

ဧရာဝတီတိုင်းမှ စစ်ကူများ ဗေဒါဂိတ်သို့မရောက်ခင် ၂၅ မိုင်တွင် AA နှင့် ပူးပေါင်းအဖွဲ့က စစ်ကောင်စီစစ် ကြောင်းကို ကြားဖြတ်တိုက်ခိုက်ထားကြောင်း သိရသည်။

ဗေဒါဂိတ်ကျသွားပါက ဧရာဝတီတိုင်း၊ အင်္ဂပူရှိ အမြောက်တပ် အမတ ၃၄၄ ကိုပါ AA တပ်များ ရောက်လာမည်ကို စစ်ကောင်စီက စိုးရိမ်နေပြီး အင် အားတိုးချဲ့နေကြောင်း တပ်သတင်းရင်းမြစ်ထံမှ သိရ သည်။

ပြီးခဲ့သည့်ရက်ပိုင်းအတွင်းက ဂွမြို့ကို ပြန်လည်ထိုး စစ်ဆင်ရန်အတွက် ရွှေယချိုင်တွင် အင်အား ၄၀၀ ခန့် ကို စစ်ကောင်စီက ထိုးစစ်အတွက် ပို့ထားပြီး ယခု ဗေဒါဂိတ် ဝင်ရောက်တိုက်ခိုက်ခံနေရသည့်အတွက် ရွှေယချိုင်ရှိ တပ်ဖွဲ့များမှာ ထိုးစစ်အနေအထားမှ ခံစစ်သို့ ပြောင်းရန်ပြင်ဆင်နေရကြောင်း တပ်တွင်း သတင်းရင်းမြစ်ထံမှ သိရသည်။

#ဧရာဝတီ #ငါးသိုင်းချောင်း #ဂွ #ဗေဒါဂိတ် #AA #ဝင်ရောက်တိုက်ခိုက် #Ayeyarwaddy_Times