ဧရာဝတီတိုင်းမ်
ဇန်နဝါရီလ ၁ ရက်

၂၀၂၅ ခုနှစ်အတွက် နှစ်သစ်ကူးမိန့်ခွန်းအဖြစ် အာဏာသိမ်းစစ်ခေါင်းဆောင်က နိုင်ငံပိုင်မီဒီယာတွေက တဆင့် မိန့်ခွန်းပြောဆိုခဲ့ပြီး အဆိုပါမိန့်ခွန်းတွင် သိသားထင်ရှားတဲ့ ရည်မှန်းချက်ပန်းတိုင်ကိုတွေ့နေရပြီဖြစ်ကြောင်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောဆိုလိုက်သည်။

ခုလိုမျိုး ရည်မှန်းချက်ပန်းတိုင်တွေ့မြင်နေရခြင်းသည် ပြည်သူများ၏ တက်တက်ကြွကြွ ဝိုင်းဝန်းကူညီပေးခဲ့ခြင်းကြောင့်ဖြစ်ကြောင်း ၎င်းကပြောဆိုသည်။

“​ရှေ့ဆက်လျှောက်မယ့် ခရီးမှာ စိန်ခေါ်မှုတွေ အကျပ်အတည်း အခက်အခဲတွေကို ရင်ဆိုင်တွေ့နိုင်ပေမယ့် ကျွန်တော်တို့အားလုံးရဲ့ စုစည်းညီညွတ်တဲ့ ပူးပေါင်းစွမ်းအားနဲ့ ကျော်ဖြတ်နိုင်မယ်လို့ ယုံကြည်ပါတယ်”ဟု စစ်ခေါင်းဆောင်က ပြောဆိုသည်။

လက်ရှိအချိန်တွင် စစ်တိုင်းဌာနချုပ် ၂ ခုအပါဝင် မြို့နယ်ပေါင်းများစွာ စစ်ကောင်စီတပ်က လက်လွှန့်ထားရချိန်တွင် ခုလိုမျိုး မွန့်ခွန်းပြောချင်ဟာ အရှက်သိက္ခာလွန်စွာမရှိသူများသာ ပြောဆိုနိုင်ကြောင်း နိုင်ငံရေးသမားများက သုံးသပ်ပြောဆိုသည်။

“ သူမလိုမရှက်တဲ့ စကားပြောရဲတာပါ၊ ရည်မှန်းချက်ပန်းတိုင်တွေကို တွေ့နေရပြီဆိုတာ သူ့နေဝင်ချိန်တွေ တွေ့နေရတာလား မေးရမလို ဖြစ်နေပြီ” ဟု အသက် ၄၀ ဝန်းကျင်အရွယ် အမျိုးသမီးတဦးက ဧရာဝတီတိုင်းမ်သို့ ပြောသည်။

စစ်တပ်အာဏာသိမ်းပြီချိန်မှစပြီး ပြည်သူအများစုမှာ လက်နက်နှင့်အနိုင်ကျင့်မှုကြောင့်သာ ခေါင်းငုံခံနေရသူများပြီး စစ်ခေါင်းဆောင်ပြောဆိုသလိုမျိုး ပြည်သူတွေအနေနဲ့လည်း မရှိသလောက်ရှားပြီး တပ်ထောက်ခံသူတွေသာရှိနိုင်ကြောင်း ၎င်းမှဆက်လက်ပြောဆိုသည်။

#စစ်ခေါင်းဆောင် #မင်းအောင်လှိုင် #မိန့်ခွန်း #Ayeyarwaddy_Times