
ဧရာဝတီတိုင်းမ်
ဇန်နဝါရီလ ၁ ရက်
၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ ၁ ရက်နေ့တွင် အမျိုးသားညီညွတ်ရေးအစိုးရ အကျဉ်းသား အကျဉ်းသူ ၁၆၉ ဦးကို လွတ်ငြိမ်းသက်သာခွင့်ဖြင့် ပြန်လည်လွှတ်ပေးခဲ့ကြောင်းသတင်းရသည်။
အကျဉ်းထောင်နှင့် အကျဉ်းစခန်းအသီးသီးတွင် အကျဉ်းကျခံနေရသည့် အကျဉ်းသား အကျဉ်းသူ ၁၆၉ ဦးကို ရာဇဝတ်ကျင့်ထုံးဥပဒေပုဒ်မ ၄၀၁၊ ပုဒ်မခွဲ (၁)အရ စည်းကမ်းသတ်မှတ်ချက်မထားဘဲ လွတ်ငြိမ်းသက်သာခွင့်ပြုလိုက်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရမှ သတင်းထုတ်ပြန်ထားသည်။
လွတ်ငြိမ်းသက်ခွင့်ပေးလိုက်သည့် အကျဉ်းသား အကျဉ်းသူများမှ မည့်သည့်ပုဒ်မများဖြင့် အရေးယူခြင်းခံထားရသည်ကိုတော့ သီးခြားဖော်ပြထားခြင်းမရှိပေ။
အဆိုပါ လွတ်ငြိမ်းသက်သာခွင့်အား အမျိုးသားညီညွတ်ရေးအစိုးရ ယာယီသမ္မတ ဒူဝါလရှီးလမှ လက်မှတ်ဖြင့် အမိန့်စာ ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။
#နှစ်သစ်ကူးနေ့ #အကျဉ်းသား #လွတ်ငြိမ်း #သက်သာခွင့် #ယာယီသမ္မတ #NUG #Ayeyarwaddy_Times