ဧရာဝတီတိုင်းမ်
ဇန်နဝါရီ ၁ ရက်

၂၀၂၃ ခုနှစ်အတွင်း မြန်မာစစ်ကောင်စီ စစ်လက်နက်ဝယ်ယူဖို့ ထိုင်းနိုင်ငံရှိ ဘဏ်အချို့က ကူညီ ခဲ့တယ်ဆိုတဲ့ ကုလသမဂ္ဂရဲ့ပြောဆိုချက်ကို သက်သေပြဖို့ အထောက်အထား မတွေ့ရဘူးလို့ ထိုင်းအာ ဏာပိုင်တွေက ပြောပါတယ်။

ကုလသမဂ္ဂ လူ့အခွင့်အရေး ကော်မရှင်နာမင်းကြီးရဲ့ ၂၀၂၄ ခုနှစ်၊ ဇွန်လ အစီရင်ခံစာထုတ်ပြန်ပြီး နောက် စုံစမ်းစစ်ဆေးမှုတွေ ချက်ချင်း စတင်ခဲ့ကာ ငွေကြေးလွှဲပြောင်းမှုတွေကို ပြန်လည်စစ်ဆေးဖို့ ငွေ ကြေးအဖွဲ့အစည်းတွေကို ညွှန်ကြားခဲ့တယ်လို့ ထိုင်းဗဟိုဘဏ်နဲ့ ငွေကြေးခဝါချမှုတိုက်ဖျက်ရေးရုံးတို့က ပူးတွဲထုတ်ပြန်ချက်တစ်ခုအတွင်း ပြောပါတယ်။

“ဘဏ်အချို့က အစီရင်ခံစာမှာ စာရင်းပါရှိတဲ့ လူပုဂ္ဂိုလ်အချို့နဲ့ ငွေကြေးလွှဲပြောင်းမှုတွေ ပြုလုပ် ခဲ့တာကို စုံစမ်းစစ်ဆေးမှုက တွေ့ရှိခဲ့ပေမယ့် ဒီငွေကြေးလွှဲပြောင်းမှုတွေက စစ်လက်နက်ဝယ်ယူမှုနဲ့ ဆက်စပ်မှုမရှိတဲ့ အထောက်အထားကို တွေ့ရှိခဲ့ပါတယ်” လို့ ပူးတွဲထုတ်ပြန်ချက်က ဖော်ပြပါတယ်။

တော်လှန်ရေးတပ်ဖွဲ့တွေထံ စစ်စခန်းတွေ၊ ပိုင်နက်နယ်မြေတွေနဲ့ တပ်ဖွဲ့ဝင်တွေ ဆုံးရှုံးနေတဲ့ မြန်မာစစ်ကောင်စီရဲ့ အရပ်သားတွေအပေါ် လေကြောင်းတိုက်ခိုက်မှုတွေဟာ ငါးဆအထိ တိုးလာတယ် လို့ “Banking on the Death Trade: How Banks and Governments Enable the Military Junta in Myanmar” လို့ အမည်ပေးထားတဲ့ ကုလသမဂ္ဂ အစီရင်ခံစာက ဖော်ပြပါတယ်။

မြန်မာစစ်ကောင်စီဟာ ပြည်ပမှ အခြေခံရင်းမြစ်နှစ်ခုဖြစ်တဲ့ စစ်လက်နက်နဲ့ ငွေကြေးကို မှီခိုနေ ရတယ်လို့ အဆိုပါအစီရင်ခံစာက ဆိုပါတယ်။

“ထိုင်းနိုင်ငံဟာ အပြည်ပြည်ဆိုင်ရာ ဘဏ်လုပ်ငန်းစနစ်မှတစ်ဆင့် မြန်မာစစ်ကောင်စီရဲ့ စစ် လက်နက်ဝယ်ယူတဲ့ အဓိကရင်းမြစ် ဖြစ်လာခဲ့ပါတယ်။ ထိုင်းနိုင်ငံမှာ မှတ်ပုံတင်ထားတဲ့ ကုမ္ပဏီတွေထံ မှ စစ်လက်နက်နဲ့ ဆက်စပ်ပစ္စည်းတွေ လွှဲပြောင်းပေးမှုဟာ ၂၀၂၂ ခုနှစ် ဒေါ်လာ သန်း ၆၀ မှ ၂၀၂၃ ခုနှစ် မှာ ဒေါ်လာ သန်း ၁၂၀ အထိ နှစ်ဆ ရှိလာခဲ့ပါတယ်” လို့ ကုလသမဂ္ဂ အစီရင်ခံစာက ပြောပါတယ်။

ထိုင်းအစိုးရက ငွေကြေးလွှဲပြောင်းမှုတွေမှာ ပါဝင်ခဲ့ သို့မဟုတ် သတိထားမိတဲ့ အထောက်အ ထားတော့ မတွေ့ရဘူးလို့ ကုလသမဂ္ဂ အစီရင်ခံစာက ဆိုပါတယ်။

ကိုးကား – BNN Bloomberg
Ref; Thailand Says No Evidence of Bank Deals Linked to Myanmar Arms

#Ayeyarwaddy_Times