
ဧရာဝတီတိုင်းမ်
ဇန်နဝါရီ ၁ ရက်
ယူကရိန်းနိုင်ငံသို့ ထပ်တိုး လုံခြုံရေးအကူအညီ ဒေါ်လာ ၂ ဒသမ ၅ ဘီလီယံ ပေးအပ်မယ်လို့ အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်က ဒီဇင်ဘာလ ၃၀ ရက်မှာ ကြေညာခဲ့ပါတယ်။
“ကျွန်တော် သမ္မတအဖြစ် တာဝန်ယူတဲ့ ကျန်ကာလအတွင်း ယူကရိန်းနိုင်ငံကို အကူအညီပေးဖို့ အမေရိကန်နိုင်ငံက ဆက်လက်ကြိုးပမ်းမှာဖြစ်ပါတယ်” လို့ ဂျိုးဘိုင်ဒင်က ထုတ်ပြန်ချက်တစ်ခုအတွင်း ပြောပါတယ်။
ဂျိုးဘိုင်ဒင်ရဲ့ ယခုကြေညာမှုမှာ စစ်ရေးအကူအညီ ဒေါ်လာ ၁ ဒသမ ၂၅ ဘီလီယံနဲ့ ယူကရိန်း လုံ ခြုံရေးအကူအညီ အစီအစဉ် (USAI) မှ ဒေါ်လာ ၁ ဒသမ ၂၂ ဘီလီယံ ပါဝင်တယ်လို့ သိရပါတယ်။
အကူအညီသစ်ကြောင့် ယူကရိန်းနိုင်ငံက စစ်မြေပြင်မှာ ကြီးမားသော အားသာချက်ရရှိလာမှာ ဖြစ်သလို လေကြောင်းရန်ကာကွယ်ရေးစနစ်၊ လက်နက်ကြီးနဲ့ အခြား စစ်လက်နက်စနစ်တွေ ရေရှည်ရရှိ မယ်လို့ ဂျိုးဘိုင်ဒင်က ထုတ်ပြန်ချက်အတွင်း ပြောပါတယ်။
ယူကရိန်း ကာကွယ်ရေးဝန်ကြီး ရုစတမ်အူမာရော့ဗ်က အမေရိကန်နိုင်ငံရဲ့ စစ်ရေးအကူအညီကို ကြိုဆိုခဲ့ပြီး အမေရိကန်နိုင်ငံဟာ ယူကရိန်းနဲ့ အရေးပါတဲ့ မဟာမိတ်ဖြစ်ကာ တန်ဖိုးမဖြတ်နိုင်တဲ့ အကူ အညီတွေ ပေးအပ်တယ်” လို့ လူမှုကွန်ရက်မှာ ရေးသားခဲ့ပါတယ်။
ရုရှားကျူးကျော်စစ် (၃) နှစ်တာကာလအတွင်း အမေရိကန်နိုင်ငံဟာ ယူကရိန်းသို့ ဒေါ်လာ ၁၇၅ ဘီလီယံ ကူညီပေးခဲ့ပေမယ့် ရွေးကောက်ခံသမ္မတ ဒေါ်နယ်ထရမ့်လက်ထက်မှာ အကူအညီပေးတဲ့ ပမာ ဏကို လျှော့ချနိုင်ပါတယ်။
ဒေါ်နယ်ထရမ့်က သမ္မတ ရွေးကောက်ပွဲ မဲဆွယ်စည်းရုံးမှုကာလအတွက်း ယူကရိန်းစစ်ပွဲမှာ အမေရိကန်ပါဝင်မှုကို မေးခွန်းထုတ်ခဲ့ပြီး ဉရောပမဟာမိတ်တွေက ငွေကြေးဝန်ထုပ်ဝန်ပိုးကို ပိုမို ကျခံ သင့်တယ်လို့ ပြောဆိုခဲ့ပါတယ်။
ကာကွယ်ရေးဝန်ကြီးဌာနက ယူကရိန်းသို့ ထောင်ပေါင်းများစွာသော လက်နက်ကြီးကျည်တွေ၊ ထောင်ချီတဲ့ ဒုံးပျံတွေနဲ့ ရာနဲ့ချီတဲ့ သံချပ်ကာယာဉ်တွေ ပေးအပ်ဖို့ လုပ်ဆောင်နေတယ်လို့ ဂျိုးဘိုင်ဒင်က ပြောကြားခဲ့ပါတယ်။
ကိုးကား – AFP
Ref; Biden announces US$2.5 billion in fresh military aid to Ukraine
#Ayeyarwaddy_Times