
ဧရာဝတီတိုင်းမ်
ဇန်နဝါရီ ၁ ရက်
ဧရာ၀တီတိုင်း၊မအူပင်မြို့တွင် ဒေသခံ ခုနှစ်ဦးကို စစ်ကောင်စီက ဖမ်းဆီးထားကြောင်း သတင်းရရှိသည်။
မအူပင်မြို့အမှတ်(၁၂)ရပ်ကွက်မှ လူငယ်ငါးဦးနှင့် ကမ်းနားလမ်းမှ လူငယ် နှစ်ဦးတို့ကို ဒီဇင်ဘာလ (၂၆)ရက်နေ့ကစ၍ ဆက်တ်ိုက် ဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
“ကောင်လေးတွေ လက်ဘက်ရည်ဆိုင်ထိုင်နေတာကို ကားတွေနဲ့လာဖမ်းသွားတာ။ စုံစမ်းရသလောက် စစ်မှုထမ်းဖို့ ပေါ်တာဆွဲတာလို့လဲပြောတယ် ၊ အချို့ကလည်း PDFလို့စွတ်စွဲပြီးဖမ်းခံ
ရတယ်လို့လည်း ပြောနေကြတယ်”ဟု ဒေသခံတစ်ဦးမှ ဧရာ၀တီတိုင်းမ်ကို ပြောသည်။
ဖမ်းဆီးခံရသူများမှာ အသက် ၂၀ ကျော်၀န်းကျင်များဖြစ်ပြီး မအူပင်မြို့ ခလရ ၂၇ တပ်အတွင်းတွင်ထားရှိပြီး မိသားစုနှင့်တွေ့ခွင့်မရကြောင်း သိရှိရသည်။
စစ်ကောင်စီက ရှေ့တန်းစစ်မျက်နှာပြင်သို့ ပို့ဆောင်ရန် တပ်ဖွဲ့ဝင်အင်အားလုံလောက်မှုမရှိသည့်အတွက် တိုင်းနှင့်ပြည်နယ် အချို့တွင် လူငယ်များကို အကြောင်းပြချက်မရှိ အဓမ္မဝင်ရောက် ဖမ်းဆီးမှုများ ပိုမိုလုပ်ဆောင်လာကြောင်း သိရှိရသည်။
#မအူပင်မြို့ #တစ်ပတ်အတွင်း #လူငယ်၇ဦး #စစ်ကောင်စီ #ဖမ်းဆီးထား #Ayeyarwaddy_Times