ဧရာဝတီတိုင်းမ်
ဇန်နဝါရီ ၁ ရက်

ဘင်္ဂလားဒေ့ရှ်နိုင်ငံက မြန်မာစစ်ကောင်စီကိုသာမက ၂၇၁ ကီလိုမီတာရှိတဲ့ မြန်မာနယ်စပ်ဘက် ခြမ်းကို အပြည့်အဝ ထိန်းချုပ်ထားတဲ့ အာရက္ခတပ်တော် (AA) နဲ့လည်း ထိတွေ့ဆက်ဆံမှု ပြုလုပ်နေ တယ်လို့ ပြည်ထဲရေးဝန်ကြီးဌာန အကြံပေးပုဂ္ဂိုလ် အငြိမ်းစား ဒုတိယဗိုလ်ချုပ်ကြီး ဂျာဟန်ဂါအလမ် ချောင်ဒူရီက ဒီဇင်ဘာလ ၃၀ ရက်မှာ ပြောကြားခဲ့ပါတယ်။

“ကျွန်တော်တို့ နယ်စပ်ဒေသမှာ ပြဿနာတွေ မရှိပါဘူး။ ဘင်္ဂလားဒေ့ရှ် နယ်ခြားစောင့်တပ်ဖွဲ့ အ ပါအဝင် လုံခြုံရေးတပ်ဖွဲ့အားလုံးဟာ သတိဝီရိယနဲ့ တာဝန်တွေ ထမ်းဆောင်နေပြီး တရားဉပဒေစိုးမိုး ရေး ဆောင်ရွက်နေပါတယ်” လို့ ကော့ဘဇားခရိုင်၊ တက်ကနက်ခ်မြို့က နယ်စပ်ဒေသကို လည်ပတ်စဉ် ၎င်းက သတင်းထောက်တွေကို ပြောပါတယ်။

ဘင်္ဂလားဒေ့ရှ်အစိုးရအဖွဲ့ အကြီးအကဲ မူဟမ်မက်ယူနွတ်ရဲ့ အဆင့်မြင့်ကိုယ်စားလှယ် ဒေါက် တာ ခါလီလူရာမန်က အခြေအနေကို စဉ်ဆက်မပြတ် စောင့်ကြည့်နေတယ်လို့ သူက ဆက်ပြောပါတယ်။

ရခိုင်ပြည်နယ်မှာ မကြာသေးမီက ပဋိပက္ခတွေကြောင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ထွက်ပြေးလာတဲ့ ရိုဟင်ဂျာဒုက္ခသည် ၆၀၀၀၀ ခန့်ကို မှတ်ပုံတင်ခြင်းမရှိသေးဘဲ အဆိုပါကိစ္စနဲ့ပတ်သက်လို့ အစိုးရအဖွဲ့ အဆင့်မြင့်အဆင့်မှာ ဆုံးဖြတ်ချက်တစ်ရပ် ချမှတ်ဖို့ လိုအပ်နေတယ်လို့ ၎င်းက ပြောပါတယ်။

“အသစ်ရောက်လာတဲ့ ရိုဟင်ဂျာတွေဟာ ဆိုးရွားသော လူသားချင်းစာနာမှုပြဿနာတွေ ရင်ဆိုင် ခဲ့ရပြီး အချို့က ဒဏ်ရာရရှိတာကြောင့် နေရပ်ပြန်ပို့ဖို့ ခက်ခဲပါတယ်။ ရိုဟင်ဂျာတွေဟာ လမ်းကြောင်းအ သီးသီးမှ စားနပ်ရိက္ခာ အကူအညီတွေ လက်ခံရရှိနေပါတယ်” လို့ သူက ဆိုပါတယ်။

ဂျာဟန်ဂါအလမ်ချောင်ဒူရီဟာ ဒီဇင်ဘာလ ၃၀ ရက် မနက် ၁၁ နာရီဝန်းကျင်မှာ ရဟတ်ယာဉ်နဲ့ တက်ကနက်ခ်မြို့က အမှတ် ၂ နယ်ခြားစောင့်တပ်ရင်းကို ရောက်ရှိလာခဲ့တာပါ။

နတ်မြစ်အတွင်း ငါးနဲ့တိရိစ္ဆာန်တင်သွင်းမှုလမ်းကြောင်း ဖွင့်လှစ်ရေးနဲ့ပတ်သက်လို့ မြန်မာပြည် တွင်း အခြေအနေအပေါ် မူတည်တယ်လို့ သူက ပြောပါတယ်။

“ရံဖန်ရံခါ နယ်စပ်ဘင်္ဂလားဒေ့ရှ်ဘက်ခြမ်းမှာ သေနတ်သံတွေ ကြားနိုင်ပြီး လက်နက်ကြီးတွေ ပစ်ခတ်နေပါတယ်။ အကျိုးဆက်အနေနဲ့ နတ်မြစ်အတွင်း ငါးဖမ်းဆီးတာ လက်ရှိမှာ အန္တရာယ်ရှိပါ တယ်။ အခြေအနေ တိုးတက်လာမှသာ ဒီကိစ္စနဲ့ပတ်သက်လို့ ဆုံးဖြတ်ချက် ချမှတ်နိုင်မှာပါ” လို့ ၎င်းက ရှင်းပြပါတယ်။

ကိုးကား – The Business Standard
Ref; Bangladesh in touch with Myanmar govt, Arakan Army over border area conflict: Home affairs adviser

#Ayeyarwaddy_Times