
ဧရာဝတီတိုင်းမ်
ဇန်နဝါရီလ ၁ ရက်
ထိုင်ဝမ်နဲ့ ပြန်လည်ပေါင်းစည်းရေးကို ဘယ်သူမှ မဟန့်တားနိုင်ဘူးလို့ တရုတ်သမ္မတ ရှီကျင့်ဖျင် က နှစ်သက်ကူးမိန့်ခွန်းမှာ ပြောကြားလိုက်ပါတယ်။
“ထိုင်ဝမ်ရေလက်ကြား နှစ်ဘက်စလုံးမှာရှိတဲ့ တရုတ်ပြည်သူတွေဟာ တစ်မိသားစုထဲ ဖြစ်ပါ တယ်။ သွေးနီးတဲ့ ဆက်ဆံရေးကို ဘယ်သူမှ မဖြတ်တောက်နိုင်သလို တရုတ်ပြည်မကြီးနဲ့ ပြန်လည် ပေါင်းစည်းမှုကို ဘယ်သူမှ မဟန့်တားနိုင်ပါဘူး” လို့ ဒီဇင်ဘာလ ၃၁ ရက်က နိုင်ငံပိုင်မီဒီယာမှာ ထုတ် လွှင့်တဲ့ မိန့်ခွန်းတစ်ခုမှာ ရှီကျင့်ဖျင်က ပြောပါတယ်။
တရုတ်နိုင်ငံက ထိုင်ဝမ်ကို လက်အောက်ခံပြည်နယ်တစ်ခုလို့ ပြောဆိုထားပြီး အင်အားသုံး သိမ်း ပိုက်မယ်လို့ ပြောပါတယ်။
တရုတ်နိုင်ငံဟာ မကြာသေးမီက ထိုင်ဝမ်အပေါ် ဖိအားပေးမှု တိုးလာခဲ့ပြီး မေလအတွင်း သမ္မတ လီရှန်တေး အာဏာရရှိပြီးနောက်ပိုင်း ထိုင်ဝမ်ကျွန်းဝန်းကျင်မှာ စစ်ရေးလေ့ကျင့်မှု (၃) ကြိမ် ပြုလုပ်ခဲ့ပါ တယ်။
ဒေါ်နယ်ထရမ့်က အမေရိကန်နိုင်ငံမှာ သမ္မတအဖြစ် ကျမ်းသစ္စာမကျိန်ဆိုမီ ရှီကျင့်ဖျင်က အခုလို မှတ်ချက်ပြုခဲ့တာပါ။
ထိုင်ဝမ်အရေးဟာ တရုတ်နဲ့ ထိုင်ဝမ်ကို သံတမန်ရေးအ တရားဝင် အသိအမှတ်မပြုပေမယ့် မ ဟာဗျူဟာမြောက် မဟာမိတ်နဲ့ အကြီးမားဆုံး စစ်လက်နက်ထောက်ပံ့သူ အမေရိကန်နိုင်ငံကြား အဓိက ပြဿနာတစ်ခု ဖြစ်ပါတယ်။
တရုတ်နိုင်ငံရဲ့ မမျှတဲ့ ကုန်သွယ်မှုကြောင့် စည်းကြပ်ခွန် တိုးကောက်ဖို့ ရွေးကောက်ခံသမ္မတ ဒေါ်နယ်ထရမ့်က ကတိပြုထားရာ အမေရိကန်-တရုတ်ဆက်ဆံရေး ဆိုးရွားလာဖွယ်ရှိပါတယ်။
ကိုးကား – TRT World
Ref; No one can stop ‘reunification’ of Taiwan with China: Xi Jinping
#Ayeyarwaddy_Times