နတ်တလင်း အောင်သုခရွာ လှေဂိတ်မှာ တပ်စွဲထားတဲ့စစ်ကောင်စီဂိတ်စခန်း တစ်ခုကို PDF တိုက်ခိုက်
ဧရာဝတီတိုင်းမ်
ဩဂုတ်လ ၂၀ ရက်
ပဲခူးတိုင်း(အနောက်ခြမ်း)၊သာယာဝတီခရိုင်၊ နတ်တလင်း မြို့နယ်၊ လယ်မအင်းအုပ်စု၊အောင်သုခရွာ၊ အောက်ဘုန်းကြီးကျောင်းလှေဂိတ်မှာ တပ်စွဲထားတဲ့ စစ်ကောင်စီစခန်းတခုကို သြဂုတ်လ ၁၉ ရက်၊ မနေ့ညပိုင်းမှာ သွားရောက်တိုက်ခိုက်ခဲ့တယ်လို့ နတ်တလင်းမြို့နယ်ကာကွယ်ရေးတပ်ဖွဲ့ ထုတ်ပြန်ပါတယ်။
အောင်သုခရွာ တောင်ညိုဆည်လှေဆိပ်က စစ်ကောင်စီတပ်ကို လက်နက်ကြီး ၊ လက်နက်ငယ်တွေနဲ့ ပစ်ခတ်တိုက် ခိုက်ခဲ့လို့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဘက်ကထိခိုက်မှုရှိနိုင်တယ်လို့ MRF-Nattlin ပြန်ကြားရေးတာဝန်ခံက ဧရာဝတီတိုင်းမ်ကိုပြောပါတယ်။
” ထိခိုက်မှုတော့ရှိနိုင်တယ် အသေးစိတ်ကိုတော့ စုံစမ်းနေတုန်းဘဲ။ သူတို့ဘက်ကပြန်ပြီးပစ်တာတွေတော့ရှိတယ်၊ ကျနော်တို့အဖွဲ့သားတွေ ထိခိုက်မရှိဘူး” လို့ သူကပြောပါတယ်။
သြဂုတ်လ လဆန်းပိုင်းမှာလည်း အောင်သုခရွာက စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူးနဲ့ သူ့တပည့်တို့ ပစ်ခတ်ရှင်းလင်းခံခဲ့ရသေးတယ်လို့ဒေသခံတွေဆီကသိရပါတယ်။
ဓာတ်ပုံ – တောင်ညိုဆည်အတွင်းလှေဆိပ်တခု။(ပုံဟောင်း)
#နတ်တလင်း #စစ်ကောင်စီ #ဂိတ်စခန်းတစ်ခု #တိုက်ခိုက် #PDF
#Ayeyarwaddy_Times