ကုလ အထူးကိုယ်စားလှယ်က NUG နဲ့ တရားဝင် ထိတွေ့ဆက်ဆံရမယ်လို့ မြန်မာဆိုင်ရာ အထူးအကြံပေးကောင်စီ ပြော
ဧရာဝတီတိုင်းမ်
သြဂုတ်လ ၂၀ ရက်
မကြာသေးမီက လုပ်ပိုင်ခွင့်ကို အသုံးချပြီး အာဏာသိမ်းခေါင်းဆောင် မင်းအောင်လှိုင်နဲ့ တွေ့ဆုံခဲ့တဲ့ ကု လသမဂ္ဂ အထူးကိုယ်စားလှယ် နိုလန်းဟေဇာက အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နဲ့ အပြုသဘောဆောင် တဲ့ တွေ့ဆုံဆွေးနွေးမှုတွေ ပြုလုပ်ရမယ်လို့ မြန်မာနိုင်ငံဆိုင်ရာ အထူးအကြံပေးကောင်စီ (SAC-M) က ပြောကြား လိုက်ပါတယ်။
လူမျိုးသုဉ်းသတ်ဖြတ်မှု၊ လူသားမဆန်သော ရာဇဝတ်မှု၊ စစ်ရာဇဝတ်မှုတွေအတွက် မင်းအောင်လှိုင်ကို တရားစွဲဆိုဖို့ SAC-M အဖွဲ့ဝင်တွေက မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ အထူးကိုယ်စားလှယ်တွေကို သူတို့ရဲ့ သက် တမ်းကာလအတွင်း တောင်းဆိုခဲ့ပါတယ်။
“ကုလသမဂ္ဂ အထူးကိုယ်စားလှယ်က လူသတ်ကောင်ချုပ် မင်းအောင်လှိုင်နဲ့ တွေ့ဆုံပြီး သွေးစွန်းနေတဲ့ လက်နဲ့ လက်ဆွဲနှုတ်ဆက်တာ ဘယ်လို စိတ်မသက်မသာဖြစ်လဲဆိုတာ ကျွန်တော်တို့ တွေးကြည့်နိုင်ပါတယ်။ မင်းအောင်လှိုင်နဲ့တွေ့ဆုံတာ ကုလသမဂ္ဂ အထူးကိုယ်စားလှယ်ရဲ့ လုပ်ပိုင်ခွင့်အတွက် အရေးကြီးကောင်းကြီးပေ မယ့်
သိသာတဲ့ရလဒ် မရရှိခဲ့ဘူး” လို့ SAC-M အကြီးအကဲ ခရစ်ဆီဒိုနီက ထုတ်ပြန်ချက်တစ်ခုမှာ ပြောပါတယ်။
ယခင် ကုလသမဂ္ဂ အထူးကိုယ်စားလှယ်တွေကလည်း မြန်မာပြည်သူတွေကို သက်ညှာဖို့ မြန်မာစစ်တပ် ခေါင်းဆောင်တွေထံ မေတ္တာရပ်ဖို့ အကြိမ်ကြိမ် ကြိုးပမ်းခဲ့ပါတယ်။
မြန်မာနိုင်ငံဆိုင်ရာ အာဆီယံ အထူးကိုယ်စားလှယ် အဆက်ဆက်ရဲ့ စစ်တပ်အာဏာသိမ်းမှုကြောင့် ဖြစ် လာခဲ့တဲ့ လူထုဆန္ဒပြမှုတွေအပေါ် မင်းအောင်လှိုင်ရဲ့ ရက်စက်ကြမ်းကြုတ်တဲ့ ဖြိုခွင်းမှုတွေ ရပ်တန့်ရေး ကြိုးပမ်း မှုတွေကလည်း ပမာပခန့်ပြုလုပ်တာသာ ကြုံတွေ့ခဲ့ရပါတယ်။
“အာရှနဲ့ပစိဖိတ်ဆိုင်ရာ ကုလသမဂ္ဂ စီးပွားရေးနဲ့ လူမှုရေးကော်မရှင် အမှုဆောင် အတွင်းရေးမှူး တာဝန် ယူခဲ့ဖူးတဲ့ ကုလသမဂ္ဂ အထူးကိုယ်စားလှယ်က မြန်မာပြည်သူတွေရဲ့ဆန္ဒကို ကောင်းစွာ သတိမူမိပါတယ်” လို့ SAC-M အဖွဲ့ဝင် ယန်ဟီးလီက ပြောပါတယ်။
“၂၀၂၀ ရွေးကောက်ပွဲမှာ မြန်မာပြည်သူတွေရဲ့ ပြင်းပြသောဆန္ဒတွေကို ရှင်းလင်းစွာ ဖော်ပြခဲ့ပြီး အထူး ကိုယ်စားလှယ်က ရွေးကောက်ပွဲရလဒ်ကို အခြေခံပြီး ဖွဲ့စည်းထားတဲ့ NUG နဲ့ တရားဝင် ထိတွေ့ဆက်ဆံရမှာ ဖြစ် ပါတယ်။ သူမအနေနဲ့ မြန်မာပြည်သူတွေ လက်သင့်ခံတဲ့ အဖြေတစ်ခုရှာရမှာဖြစ်ပါတယ်” လို့ ယန်ဟီးလီက ပြောပါတယ်။
မြန်မာပြည်သူတွေကို ကိုယ်စားပြုယုံသာမက NUG နဲ့ မဟာမိတ် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အ စည်းတွေက အာဏာသိမ်းစစ်ကောင်စီထက် မြန်မာ့ပိုင်နက်နယ်မြေကို ပိုမို ထိန်းချုပ်လာနိုင်ကာ စစ်တပ်ရဲ့ ဖျက် ဆီးမှုကြား အုပ်ချုပ်ရေးလုပ်ငန်းတွေကို ပိုမို လုပ်ဆောင်လာနိုင်တယ်လို့ ထုတ်ပြန်ချက်က ဆိုပါတယ်။
“မြန်မာ့နိုင်ငံရေးအခင်းအကျင်းမှာ အပြုသဘောဆောင်တဲ့ သြဇာလွှမ်းမိုးမှုရရှိနိုင်ဖို့ ကုလသမဂ္ဂ အထူး ကိုယ်စားလှယ်က မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီတိုးတက်မှုမှာ စစ်မှန်တဲ့ကိုယ်စားလှယ်တွေကို သိရှိရမှာဖြစ်ပြီး အဲဒီ ကိုယ်စားလှယ်တွေက မြန်မာပြည်သူတွေပဲဖြစ်ပါတယ်” လို့ SAC-M အဖွဲ့ဝင် မာဇူကီဒါရက်စမန်းက ပြောပါတယ်။
ကိုးကား – SAC-M
Ref; United Nations special envoy can now meet with genuine stakeholders in Myanmar’s democratic future