အိမ်မဲမြို့နယ်မှာ စစ်ကောင်စီတပ်က အပတ်စဉ် လောင်းကစားဝိုင်းများပြုလုပ်နေ

မင်းမြတ်မောင်/ဧရာဝတီတိုင်းမ်

(အိမ်မဲ)၊ ဩဂုတ်လ ၂၀ ရက်

ဧရာဝတီတိုင်း၊ အိမ်မဲမြို့နယ်မှာ စစ်ကောင်စီတပ်က အပတ်စဉ် စနေနေ့တွေမှာ လောင်းကစားဝိုင်း ပြုလုပ်နေ တယ်လို့ သိရပါတယ်။

ကမ်းပြိုအုပ်စု၊ သစ်တိုချောင်းကျေးရွာမှာ ခြောက်ကောင်ဂျင်၊ ကြက်ဝိုင်းစတာတွေနဲ့ အခြားလောင်းကစားနည်း တွေကို ပြုလုပ်ဖို့အတွက် စစ်ကောင်စီလက်အောက်ခံ လူကောင်းကျွန််းရဲစခန်းကို ပိုက်ဆံပေးပြီး ပြုလုပ်ရတာ ဖြစ်တယ်လို့ ရဲတပ်ဖွဲ့နဲ့ နီးစပ်သူတွေထံက သိရပါတယ်။

“ လုပ်တာတော့ ၂ လလောက်ရှိပြီး စနေနေ့တိုင်းလုပ်တယ် မိုးလင်းမိုးချုပ်ပေါ့ ရဲစခန်းကို ပိုက်ဆံပေးလုပ်တာ လာဖမ်းတဲ့သူလည်း မရှိဘူး”လို့ ဒေသခံတဦးက ဧရာဝတီတိုင်းမ်ကို ပြောပါတယ်။

လူကောင်းကျွန်းရဲစခန်းကို ပိုက်ဆံဘယ်လောက်ပေးပြီး လောင်းကစားဝိုင်းတွေကို ပြုလုပ်တယ်ဆိုတာမသိပေ မယ့် မနက်မိုးလင်းကနေ ညနေ ၆ နာရီလောက်ထိ အပတ်စဉ် စနေနေ့တိုင်း လောင်းကစားဝိုင်းတွေပြုလုပ်ခွင့် ပေးထားတယ်လို့ ဆိုပါတယ်။

စစ်ကောင်စီလက်အောက်ခံ ရဲတပ်ဖွဲ့ကို လိုင်းကြေးပေးပြီး ပြုလုပ်တဲ့ လောင်းကစားဝိုင်းတွေကို ရဲတွေက အရပ် ဝတ်တွေနဲ့ လုံခြုံရေးလာစောင့်ပေးလေ့ရှိတယ်လို့ ဒေသခံတွေက ပြောပါတယ်။

လောင်းကစားဝိုင်းတွေပြုလုပ်ဖို့အတွက် လိုင်းကြေးပေးထားရင် အုပ်ချုပ်ရေးအဖွဲ့ဝင်တွေရော စစ်ကောင်စီ တပ်သားတွေရော လာဖမ်းတာမျိုး မရှိဘူးလို့ ဆိုပါတယ်။

#Ayeyarwaddy_Times