
ဧရာဝတီတိုင်းမ်
ဒီဇင်ဘာ ၃၀ ရက်
ဧရာ၀တီတိုင်း၊ ဝါးခယ်မမြို့နယ်တွင် ဒီဇင်ဘာ နောက်ဆုံးပတ်က ဒေသခံလေးဦးကို PDF နှင့်ပတ်သက်သည်ဟုဆိုကာ စစ်ကောင်စီကဖမ်းဆီးထားကြောင်း ဒေသခံများထံက သိရသည်။
ဝါးခယ်မမြို့နယ်၊ ရွှေလောင်းကျေးရွာအုပ်စုနေ ကိုဉာဏ်စိုး၊ ကိုကုလားလေး(ခ) ကိုဇင်မင်းဦး၊ ဝါးခယ်မမြို့၊ အောင်ဇေယျာလမ်း၊ ဆေးရုံရက်ကွက်နေ မခိုင်ဇာလွင်နှင့် ရွာလယ်
ရပ်ကွက်နေ မမိုးမိုးလှိုင်တို့ကို စစ်ကောင်စီတပ်က ဖမ်းဆီးထားကြောင်း ဒေသခံများ၏ ပြောကြားချက်အရ သိရသည်။
“ဝါးခယ်မစစ်ကောင်စီနဲ့ ရန်ကုန်က ရဲတွေပါ စုပေါင်းပြီး ၀င်ဖမ်းတာ။ ကြားတာတော့ ရန်ကုန်မှာမိတဲ့ PDF ကနေ ကွင်းဆက်လိုက်လာတယ်လို့ပြောတာပဲ”ဟု ဒေသခံတစ်ဦးမှ ဧရာ၀တီတိုင်းမ်ကို ပြောသည်။
ပြီးခဲ့သည့် ဒီဇင်ဘာ ၂၄ ရက်နေ့က အင်းစိန်မြို့နယ်တွင် ဖမ်းဆီးရမိသည်ဟု စစ်ကောင်စီက သတင်းထုတ်ပြန်ထားသော Free Land Attack Force(FLA) အဖွဲ့၀င်လေးဦးနှင့် ဆက်စပ်သူများဖြစ်သောကြောင့် ဖမ်းဆီးထားခြင်းဖြစ်ကြောင်း စစ်ကောင်စီနှင့်နီးစပ်သူများက ဆိုသည်။
လက်ရှိတွင်ဖမ်းဆီးခံထားရသူ လေးဦးကို ဝါးခယ်မမြို့နယ်တွင် မထားရှိပဲ ရန်ကုန်ရှိ စစ်ကောင်စီ၏ စစ်ကြောရေးစခန်းသို့ ခေါ်
ဆောင်သွားကြောင်းသိရသည်။ ဖမ်းဆီးခံရသူများနှင့် အဆက်သွယ်မရသောကြောင့် အသက်အန္တရာယ်စိုးရိမ်နေရကြောင်း မိသားစုနှင့်နီးစပ်သူများထံက သိရှိရသည်။
#ဝါးခယ်မမြို့နယ် #ဒေသခံ၄ဦး #PDF #စစ်ကြောရေး
#Ayeyarwaddy_Times