
ဧရာဝတီတိုင်းမ်
ဒီဇင်ဘာ ၃၀ ရက်
သမ္မတဟောင်း ဘာရှားအယ်လ်အာဆတ် ဖြုတ်ချခံရပြီးနောက် ဆီးရီးယားနိုင်ငံမှာ ရွေးကောက် ပွဲ ကျင်းပဖို့ရာ (၄) နှစ်အထိ အချိန်ကြာမြင့်နိုင်တယ်လို့ ဆီးရီးယား ကြားဖြတ်အစိုးရအဖွဲ့ အကြီးအကဲက အင်တာဗျူးတစ်ခုမှာ ပြောကြားခဲ့ပါတယ်။
တနင်္ဂနွေနေ့က အရှေ့အလယ်ပိုင်းရုပ်သံဌာန အယ်လ်အာရေးဘီးယားနဲ့ပြုလုပ်တဲ့ အင်တာဗျူး တစ်ခုမှာ HTS အဖွဲ့ခေါင်းဆောင် အဘူမိုဟာမက်အယ်လ်ဂိုလာနီက အခုလို မှတ်ချက်ပြုခဲ့တာပါ။ HTS အဖွဲ့ဟာ ဒီလအစောပိုင်းက အာဆတ်အစိုးရကို ဖြုတ်ချခဲ့တဲ့ ထိုးစစ်ဆင်မှုကို ဉီးဆောင်ခဲ့တာပါ။
ဖွဲ့စည်းပုံအခြေခံဉပဒေ ရေးဆွဲတာဟာ (၃) နှစ်ကြာမြင့်နိုင်လို့ ရွေးကောက်ပွဲကျင်းပရင် ပြီးပြည့် စုံသော သန်းခေါင်စာရင်း လိုအပ်တာကြောင့် (၄) နှစ်အထိ အချိန်ယူရနိုင်တယ်လို့ ဂိုလာနီက ပြောပါ တယ်။
ဆီးရီးယားပြည်သူအများစုဟာ စစ်ဘေးရှောင် သို့မဟုတ် ပြည်တွင်းစစ်အတွင်း အခြားတိုင်းပြည် များသို့ ထွက်ပြေးခဲ့တာဖြစ်လို့ မဲဆန္ဒရှင်စာရင်း ပြုစုရာမှာ အချိန်ယူရနိုင်တယ်လို့ ၎င်းက ဆိုပါတယ်။
စစ်တပ်နဲ့ လုံခြုံရေးတပ်ဖွဲ့တွေ ပြန်လည်ဖွဲ့စည်းဖို့ ဖျက်သိမ်းမယ့် လက်နက်ကိုင်အဖွဲ့အစည်း တွေထဲမှာ HTS အဖွဲ့လည်း ပါဝင်တယ်လို့ သူက ဆက်ပြောပါတယ်။
တိုင်းပြည်အနာဂတ် ဆွေးနွေးဖို့ ကျင်းပတော့မယ့် အမျိုးသားညီလာခံမှာ အဆိုပါအကြောင်းကို တရားဝင် ကြေညာမယ်လို့ ၎င်းက ပြောပါတယ်။
တိုင်းပြည်စီးပွားရေး ပြန်လည်တည်ဆောက်မှုနဲ့ပတ်သက်လို့ နိုင်ငံတကာအသိုင်းအဝိုင်းရဲ့ ပူး ပေါင်းဆောင်ရွက်မှုက အရေးကြီးတယ်လို့ ဂိုလာနီက ပြောပြီး ဒဏ်ခတ်ပိတ်ဆို့မှုတွေ ရုတ်သိမ်းပေးဖို့ အမေရိကန်အစိုးရကို တောင်းဆိုလိုက်ပါတယ်။
ကိုးကား – NHK
Ref; Syria’s HTS leader says holding elections could take up to 4 years
#Ayeyarwaddy_Times