
ဧရာဝတီတိုင်းမ်
ဒီဇင်ဘာ ၂၉ ရက်
မြောက်ကိုရီးယားစစ်သားတွေ ရှေ့တန်းလွှတ်နေတာကို တရုတ်နိုင်ငံက သြဇာအာဏာသုံးပြီး တားဆီးပေးဖို့ ယူကရိန်းသမ္မတ ဇီလန်စကီးက ဒီဇင်ဘာလ ၂၇ ရက် ညနေခင်းမိန့်ခွန်းမှာ တိုက်တွန်းခဲ့ ပါတယ်။
မြောက်ကိုရီးယားစစ်သားတွေ ရုရှားနိုင်ငံအနောက်ပိုင်း ကာတ်စ်ဒေသမှာ သေကျေဒဏ်ရာရရှိမှု များပြားနေတယ်လို့ ၎င်းက ပြောပါတယ်။
ရုရှားစစ်တပ်က မြောက်ကိုရီးယားစစ်သားတွေကို အလွယ်တကူ တိုက်ခိုက်ခံရနိုင်တဲ့ ရှေ့တန်း စစ်မျက်နှာပြင်သို့ စေလွှတ်နေပြီး အချင်းချင်း ကွက်မျက်တာတွေရှိနေတယ်လို့ သူက ဆိုပါတယ်။
“ကိုရီးယားပြည်သူတွေဟာ ဉရောပတိုက် တိုက်ပွဲတွေမှာ သူတို့ပြည်သူတွေကို မဆုံးရှုံးသင့်ပါ ဘူး။ တရုတ်နိုင်ငံက သူ့ရဲ့ သြဇာအာဏာသုံးပြီး မြောက်ကိုရီးယားစစ်သားတွေကို ရှေ့တန်းပို့နေတာ တားဆီးသင့်ပါတယ်” လို့ ဇီလန်စကီးက ပြောပါတယ်။
ယူကရိန်းကျူးကျော်စစ်ပွဲ စတင်ပြီးနောက်ပိုင်း တရုတ်နိုင်ငံဟာ ရုရှားနဲ့ဆက်ဆံရေး တိုးမြှင့်ခဲ့ ပေမယ့် ရုရှားကို ကူညီနေတယ်ဆိုတဲ့ စွပ်စွဲချက်တွေကို တရုတ်က ငြင်းဆန်ခဲ့ပါတယ်။
ရုရှားသမ္မတ ဗလာဒီမာပူတင်ဟာ ၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီလနဲ့ ၂၀၂၄ ခုနှစ် မေလမှာ တရုတ်နိုင် ငံသို့ နှစ်ကြိမ် သွားရောက်လည်ပတ်ခဲ့ပါတယ်။
တရုတ်နိုင်ငံဟာ ယူကရိန်းအရေးမှာ ကြားဝင်ဖျန်ဖြေသူ အခန်းကဏ္ဍမှ ရပ်တည်ခဲ့ပြီး ကိုယ်စား လှယ် လီဟွေကို ဉရောပတိုက်သို့ ကြိမ်ဖန်များစွာ စေလွှတ်ခဲ့ပါတယ်။
ကိုးကား – The Kyiv Independent
Ref; Zelensky urges China to help stop North Korean military aid to Russia
#Ayeyarwaddy_Times