
ဧရာဝတီတိုင်းမ်
ဒီဇင်ဘာ ၂၈ ရက်
မလေးရှားဝန်ကြီးချုပ် အန်ဝါအီဘရာဟင်ဟာ ထိုင်းတောင်ပိုင်း ငြိမ်းချမ်းရေး ကြိုးပမ်းမှုတွေ စတင်ဖို့နဲ့ မြန်မာ့အရေး ဖြေရှင်းဖို့အပါအဝင် အရေးပါတဲ့ ဒေသတွင်းပြဿနာတွေကို ဆွေးနွေးဖို့ ထိုင်း ဝန်ကြီးချုပ်ဟောင်း သက်ဆင်ရှင်နာဝပ်နဲ့ တွေ့ဆုံခဲ့တယ်လို့ သိရပါတယ်။
အာဆီယံဉက္ကဌရဲ့ အလွတ်သဘော အကြံပေးအဖြစ် သက်ဆင်ရဲ့ အခန်းကဏ္ဍအပါအဝင် တွေ့ ဆုံမှုအတွင်း အရေးပါတဲ့ ကိစ္စရပ်များစွာကို ဆွေးနွေးခဲ့တယ်လို့ အန်ဝါက ပြောပါတယ်။
“ဒေသတွင်း ဆက်ဆံရေးကွန်ရက်ကျယ်ပြန်တဲ့ သက်ဆင်က ယုံကြည်မှုရှိရှိနဲ့ ဒီစိန်ခေါ်မှုတွေကို ဖြေရှင်းဖို့ မလေးရှားနဲ့ အာဆီယံအဖွဲ့အတွက် တန်ဖိုးမဖြတ်နိုင်တဲ့ အခွင့်အလမ်းတွေ ဖွင့်လှစ်ပေးဖို့ က တိပြုပါတယ်” လို့ သူက လူမှုကွန်ရက် Facebook မှာ ရေးသားခဲ့ပါတယ်။
အန်ဝါဟာ မကြာသေးမီက ထိုင်းဝန်ကြီးချုပ် ပေထောင်တန်ရှင်နာဝပ်ထရာနဲ့ ဆွေးနွေးခဲ့တဲ့ မျှော်မှန်းချက်၊ နားလည်မှုနဲ့အညီ မလေးရှား-ထိုင်း ချစ်ကြည်ရင်းနှီးမှု တိုးမြှင့်မယ့်ကြိုးပမ်းမှုတွေအပေါ် ၎င်းတို့နှစ်ဉီးက အမြင်ချင်းဖလှယ်ခဲ့ကြပါတယ်။
“မလေးရှားနဲ့ထိုင်းနိုင်ငံဟာ နှစ်နိုင်ငံစလုံးအတွက်သာမက ဒေသတွင်းအတွက်ပါ အတူတကွ အောင်မြင်မှုတွေရရှိအောင် လုပ်နိုင်စွမ်းရှိတာ ကျွန်တော်တို့ တူညီတဲ့အမြင် ရှိပါတယ်။ သက်ဆင်နဲ့ ကျွန် တော်က ဒီမျှော်မှန်းချက် ဖြစ်ပေါ်လာစေဖို့ ကတိပြုပါတယ်” လို့ သူက ဆိုပါတယ်။
ကိုးကား – Bernama
Ref; PM Anwar meets Thaksin: Peace in Southern Thailand, Myanmar crisis top agenda
#Ayeyarwaddy_Times